Loading...

Home Kawi Eats Kawi Inspires
How to JAB! In:Kawi Inspires, Power Punch
1 2 0

“တို့ဆေးတွေ၊ လူကုန်ကူးခံရတာတွေများလာတော့
MMA တိုက်ကွက်တချို့ကို လေ့လာထားကြရအောင်”

အားလုံးပဲမင်္ဂလာပါ။ ကဝိ Lifestyle ရဲ့program အသစ်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ program လေးကတော့ Power Punch လို့ခေါ်ပြီး ကြာသာပတေးနေ့တိုင်း ကိုယ်ခံပညာနှင့် ပတ်သက်တဲ့ နည်းစနစ်တချို့ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီ program လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like & Share လုပ်ပေးပါနော်။ နောက်ထပ် ကိုယ်ခံပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေထဲက သိချင်တာ၊ ဆွေးနွေးချင်တာရှိတယ်ဆိုရင်တော့ အောက်က comment လေးမှာ ဖော်ပြပေးသွားလို့ရပါတယ်။

#KawiLifestyle #PowerPunch #SelfDefence #TeamPT

You may also like

ချက်ချင်းကျင့်သုံးလို့ရမယ့် ပလတ်စတစ်လျှော့ချနည်းများ In:Kawi Inspires, Life Hacks
0 4 0

ပလတ်စတစ်တွေကို လျှော့ချဖို့အားလုံးက တိုက်တွန်းနေချိန်မှာ ပြောရတာတော့ လွယ်ပါတယ်။ 6R လိုမျိုး Reduce (လျှော့သုံးပါ)၊ Reuse (ပြန်သုံးပါ)၊ Refuse (ပလတ်စတစ်တွေကို ငြင်းပါ)၊ Remove (စနစ်တကျ ဖယ်ရှားပါ) စသဖြင့် ပြောထားတာတွေကို သေချာလိုက်နာနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က အစပိုင်းမှာဒီလောက်ထိလိုက်မနာနိုင်သေးဘူး ဆိုရင်တောင် ဒီပစ္စည်းလေးတွေ ရှိနေရင် တစ်ဖက်တစ်လမ်းကနေ ပလတ်စတစ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရေဘူး ပလတ်စတစ် ရေသန့်ဘူးခွံတွေဟာ ပလတ်စတစ်အမှိုက်တွေထဲမှာ ရာခိုင်နှုန်းတော်တော်များများ ပါဝင်ပါတယ်။ ပြန်ဖြည့်လို့ရတဲ့ ရေသန့််ဘူးကောင်းကောင်းလေး တစ်ဘူးအမြဲရှိနေရင် ရေလည်းပိုသောက်ဖြစ်မှာဖြစ်သလို စတိုင်ကျကျနဲ့ ပလတ်စတစ်ရေသန့်ဘူးခွံတွေကို လျှော့ချနိုင်ပါပြီ။  ပြန်သုံးလို့ရမယ့် အိတ် ပလတ်စတစ်အိတ်တွေအစား ပြန်သုံးလို့ရမယ့် အိတ်လေးတွေသုံးလိုက်ရင် စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ အများကြီးလျှော့လို့ရမှာပါ။ သပ်သပ်သွားပြီး ဝယ်နေစရာမလိုပါဘူး။ ဝယ်နေကျ City Mart တို့ဘာတို့သွားရင် ပြန်သုံးလို့ရတဲ့အိတ်လေးနဲ့ထည့်ခိုင်းလိုက်ပါ။ အိမ်ရောက်လို့ပစ္စည်းတွေသူနေရာနဲ့သူ ထုတ်ပြီးပြီဆိုရင် ထည့်လာတဲ့အိတ်လေးကို သေချာခေါက်ပြီး လွယ်အိတ်ထဲထည့်ထားရုံပါပဲ။ နေရာလည်းအများကြီးယူတာမဟုတ်ပါဘူး။  ထမင်းချိုင့် ကိုယ့်ဘာသာချက်ပြီး ထမင်းချိုင့်သယ်တာအကောင်းဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါ။ တကယ်လို့ ကိုယ်အပြင်ကဝယ်စားချင်တာရှိတဲ့ဆိုရင်လည်း ထမင်းချိုင့်လေးထဲထည့်လာရင် ပလတ်စတစ်တွေကို လျှော့ချနိုင်ပြီပေါ့။  သင့်ရဲ့စိတ် နောက်ဆုံးတစ်ခုကတော့ လွယ်အိတ်ထဲတင်မဟုတ်ပဲ သင်မှာအမြဲရှိရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာကြီးကို တဖြည်းဖြည်း ဒုက္ခပေးလာနေတဲ့ ပလတ်စတစ်တွေကို လျှော့သုံးရမယ်ဆိုတဲ့စိတ်လေး သင့်မှာရှိဖို့လိုပါတယ်။ ဒီစိတ်လေးမရှိဘူးဆိုရင်တော့ အပေါ်ကဟာတွေလည်း လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ...

By:Kawi 04/10/2019

Liked

Back to Top