Loading...

Home Kawi Eats Kawi Inspires
သံပုရာသီးကို ဒီလိုလေးတွေသုံးလို့ရတာ သိရဲ့လား??? In:Kawi Eats
1 6 1

သံပုရာသီးလေးတွေကို ကြီးလေချဉ်လေ အချဉ်သီးလေးတွေဆိုပြီး တစ်မျိုးမထင်ကြပါနဲ့။ သံပုရာသီးက  အိမ်တွင်းသမားတော် မဟုတ်တောင် ဒါလေးတွေ သိထားရင် သင့်ကိုကောင်းကောင်း အကူအညီဖြစ်မှာပါ။ 

လက်အနံ့ပျောက်ဆေး

စားချင်တာ စားပြီးမှ crush လေးနဲ့တွေ့ရမှာကို သတိရဖူးးလား?? အဲဒါဆို သံပုရာသီးလေးသာ ပြေးရှာလိုက်နော်။ Crush နဲ့တွေ့မှ မဟုတ်ပါဘူး။ အနံ့ပြင်းပြီး လက်မှာအနံ့စွဲတတ်တဲ့အရာတွေ စားပြီး၊ ကိုင်ပြီးတဲ့အခါ သံပုရာသီးလေးနဲ့ လက်ကိုပွတ်ပြီးမှ ဆပ်ပြာနဲ့ဆေးပါ။ အနံ့စွဲနေတာတွေကို သက်သာစေပါတယ်။ 

အိုးမှာ ဂျိုးတွေကပ်နေရင် 

ဆပ်ပြာနဲ့တိုက်ဆေးပြီးတာတောင်မှ အိုးမှာဂျိုးလေးတွေကပ်နေသေးတယ်ဆိုရင် သံပုရာသီးကို တစ်ဝက်ပိုင်းပြီး ဆားလေးနဲ့ အိုးကိုပွတ်ပါ။ အက်စစ်ဓာတ်ပါတာကြောင့် ဂျိုးတွေကို ပျောက်ကင်းစေပါတယ်။ 

ဂျိုင်းသုတ်မရှိရင်

လက်မှာ အနံ့စွဲနေတာတင်မဟုတ်ပါဘူး။ ဂျိုင်းနံ့တွေ၊ အနံ့ဆိုးတွေကိုပါ သက်သာစေတာကြောင့် အရေးပေါ် ဂျိုင်းသုတ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ 

ပလတ်ကျွတ်ရင်

အရက်၊ ဘီယာတွေအရမ်းသောက်မိပြီး အရမ်းမူးသွားတဲ့အခါ သံပုရာသီးက အမူးပြေစေပါတယ်။ အရမ်းချဉ်မှာစိုးရင် သံပုရာသီးစိတ်လေးကို ဆားလေးအနည်းငယ်နဲ့တို့စားပါ။ အမူးနည်းနည်းတော့ သက်သာစေမှာပါ။ 

ပိုမွှားတွေကို သန့်စင်ပါ

သံပုရာသီးမှာ အက်စစ်ဓာတ်တော်တော်များများပါဝင်တာကြောင့် ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် အိမ်က ဘေးစင်တွေ၊ မီးဖိုချောင်တွေနဲ့ တခြားနေရာတွေမှာ သံပုရာသီးအရည်လေးဖြန်းခြင်းဖြင့် ပိုမွှားတွေရန်က ကာကွယ်နိုင်မှာပါ။ 

သွေးကျဆေး

ဒါကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ သွေးတိုးတဲ့အခါ သံပုရာရည်ချဉ်ချဉ်လေး တစ်ခွက်က တော်တော်လည်း အထောက်အကူဖြစ်မှာပါ။ ပြီးတော့ သွေးနည်းနည်းတိုးတတ်တဲ့လူတွေ တက်စာတွေဖြစ်တဲ့ ဒံပေါက်၊ ငံတဲ့ အစားအစာတွေ စားပြီးရင် သံပုရာရည်လေးတစ်ခွက်လောက် သောက်သင့်ပါတယ်။ 

ခံတွင်းနံ့ရှင်းစေ

ဆေးလိပ်သောက်တတ်သူတွေ၊ အရက်သောက်တတ်သူတွေ၊ ကွမ်းစားတတ်သူတွေအတွက် သံပုရာသီးက ခံတွင်းမှာစွဲနေတဲ့ အနံ့တွေကိုလည်း ဖျောက်ပေးနိုင်ပါတယ်။ 

လက်သည်းဖြူဆေး

ညစ်ပြီးသား သံပုရာသီး အခွံနဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပွတ်ပေးရင် ဖွေးသွားစေမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှထားတာ၊ အနာဖြစ်နေတာတွေရှိရင်တော့ မပွတ်မိပါစေနဲ့ စပ်သွားပါလိမ့်မယ်။ 

ဝက်ခြံတွေသက်သာစေဖို့

သံပုရာရည်ကို ပျားရည်၊ သကြားညိုအနည်းငယ်တို့နဲ့ ရောပြီး (၃၀) မိနစ်ခန့် မျက်နှာပေါ်တင်ထားပါ။ ပြီးရင်တော့ ဆပ်ပြာနဲ့မဟုတ်ဘဲ ရေနဲ့ဒီတိုင်းဆေးပါ။ သံပုရာရည်က ဘတ်တီရီးယားပိုးတွေကို သေစေတာကြောင့် ဆားဝက်ခြံတွေ၊ ဝက်ခြံတွေကို သက်သာစေမှာပါ။

By:Nuage Laboratoire 24/11/2019

text

You may also like

ဒါတွေစားပြီး စာကျက်ရင် စာပိုရတယ်တဲ့ In:Kawi Eats
1 6 0

စာကျက်ရင်း မုန်စားတတ်တဲ့သူလေးတွေ၊ မုန့်ပါမှ စာကျက်တတ်တဲ့လူလေးတွေရော တခြားမုန့်တွေထက် ဒါလေးတွေစားပြီး စာကျက်ရင် စာပိုရမှာတဲ့နော်… Dark Chocolate  ရိုးရိုးချောကလက်မဟုတ်တာတော့ ဆိုးတယ်။ Dark Chocolate ကနည်းနည်း ခါးတယ်လေနော်။ Dark Chocolate မှာ ပါဝင်မှုနှုန်းအများဆုံးဖြစ်တဲ့ Cocoa က ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ အပြင် အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သင်ယူလေ့လာမှုနှုန်းကို မြင့်တက်စေမှာပါ။ အစေ့အဆံများ စာလေးဆိုကြည့်လိုက် အစေ့လေးတွေဝါးလိုက် ကွက်တိပဲ။ အစေ့အဆံတွေဖြစ်တဲ့ မြေပဲ၊ သီဟိုစေ့၊ almond တို့မှာ Omega 3 Fatty Acid နဲ့ Vitamin E ဓာတ်တို့ပါဝင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ ကာဖင်းဓာတ်က အားလုံးသိကြတဲ့အတိုင်း လန်းဆန်းစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတာကြောင့် စာကျက်လို့ ပိုကောင်းစေမှာပါ။ ညဘက်တော့ အရမ်းမသောက်နဲ့ ပေါ့နော်။ Greek Yogurt ညဘက်စာလုပ်တတ်သူတွေအတွက် ကော်ဖီလည်း မသောက်ချင်ဘူးဆိုရင် ချဉ်ချဉ်လေးဆိုတော့ အဆင်ပြေပါတယ်။ ပြီးတော့ greek yogurt က ရိုးရိုး yogurt တွေထက် protain ပါဝင်မှုနှုန်းပိုများပါတယ်။ အရမ်းချဉ်တာမကြိုက်ရင်တော့ အသီးလေးတွေနဲ့ တွဲစားပေါ့နော်။  ကြက်ဥ  လုပ်ရလွယ်ကူပြီး အမျိုးမျိုးလည်း လုပ်စားလို့ရတာကြောင့် ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်ပြေပါတယ်။ ကြက်ဥမှာ Vitamin B ပါဝင်တာကြောင့် မှတ်မိလွယ်စေပါတယ်တဲ့။ Berries  ဘယ်ရီတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတွေမှာ ပါဝင်တဲ့ဓာတ်က ဦးနှောက်ဆဲ(လ်)တွေ တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် စာကျက်ရတာပို အဆင်ပြေမှာပါ။ ချဉ်ချဉ်လေးတွေဆိုတော့ အိပ်ချင်လည်းပြေတာပေါ့နော်။  အသီးအနှံသုပ် ဒီတစ်ခုကတော့ ကြိုက်နှစ်သက်တဲ့ အသီးအနှံတွေကို လှီးပြီး အသီးအနှံသုပ်ကြီးလုပ်လိုက်တာပါ။ ပန်းသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး ကြိုက်နှစ်သက်တာ အကုန်လုံးထည့်လို့ရပါတယ်။ အသီးအနှံတွေမှာ Vitamin အမျိုးမျိုးပါတာဆိုတော့ ပြောနေစရာမလိုတော့ဘူးပေါ့။ ကြိုက်တတ်တယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ Greek Yogurt နဲ့ ဘယ်ရီလေးတွေလည်း ထည့်ဖို့မမေ့နဲ့နော်။  ...

By:Kawi 04/10/2019
ချက်ချင်းကျင့်သုံးလို့ရမယ့် ပလတ်စတစ်လျှော့ချနည်းများ In: Kawi Inspires, Life Hacks
0 4 0

ပလတ်စတစ်တွေကို လျှော့ချဖို့အားလုံးက တိုက်တွန်းနေချိန်မှာ ပြောရတာတော့ လွယ်ပါတယ်။ 6R လိုမျိုး Reduce (လျှော့သုံးပါ)၊ Reuse (ပြန်သုံးပါ)၊ Refuse (ပလတ်စတစ်တွေကို ငြင်းပါ)၊ Remove (စနစ်တကျ ဖယ်ရှားပါ) စသဖြင့် ပြောထားတာတွေကို သေချာလိုက်နာနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က အစပိုင်းမှာဒီလောက်ထိလိုက်မနာနိုင်သေးဘူး ဆိုရင်တောင် ဒီပစ္စည်းလေးတွေ ရှိနေရင် တစ်ဖက်တစ်လမ်းကနေ ပလတ်စတစ်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရေဘူး ပလတ်စတစ် ရေသန့်ဘူးခွံတွေဟာ ပလတ်စတစ်အမှိုက်တွေထဲမှာ ရာခိုင်နှုန်းတော်တော်များများ ပါဝင်ပါတယ်။ ပြန်ဖြည့်လို့ရတဲ့ ရေသန့််ဘူးကောင်းကောင်းလေး တစ်ဘူးအမြဲရှိနေရင် ရေလည်းပိုသောက်ဖြစ်မှာဖြစ်သလို စတိုင်ကျကျနဲ့ ပလတ်စတစ်ရေသန့်ဘူးခွံတွေကို လျှော့ချနိုင်ပါပြီ။  ပြန်သုံးလို့ရမယ့် အိတ် ပလတ်စတစ်အိတ်တွေအစား ပြန်သုံးလို့ရမယ့် အိတ်လေးတွေသုံးလိုက်ရင် စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ အများကြီးလျှော့လို့ရမှာပါ။ သပ်သပ်သွားပြီး ဝယ်နေစရာမလိုပါဘူး။ ဝယ်နေကျ City Mart တို့ဘာတို့သွားရင် ပြန်သုံးလို့ရတဲ့အိတ်လေးနဲ့ထည့်ခိုင်းလိုက်ပါ။ အိမ်ရောက်လို့ပစ္စည်းတွေသူနေရာနဲ့သူ ထုတ်ပြီးပြီဆိုရင် ထည့်လာတဲ့အိတ်လေးကို သေချာခေါက်ပြီး လွယ်အိတ်ထဲထည့်ထားရုံပါပဲ။ နေရာလည်းအများကြီးယူတာမဟုတ်ပါဘူး။  ထမင်းချိုင့် ကိုယ့်ဘာသာချက်ပြီး ထမင်းချိုင့်သယ်တာအကောင်းဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါ။ တကယ်လို့ ကိုယ်အပြင်ကဝယ်စားချင်တာရှိတဲ့ဆိုရင်လည်း ထမင်းချိုင့်လေးထဲထည့်လာရင် ပလတ်စတစ်တွေကို လျှော့ချနိုင်ပြီပေါ့။  သင့်ရဲ့စိတ် နောက်ဆုံးတစ်ခုကတော့ လွယ်အိတ်ထဲတင်မဟုတ်ပဲ သင်မှာအမြဲရှိရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာကြီးကို တဖြည်းဖြည်း ဒုက္ခပေးလာနေတဲ့ ပလတ်စတစ်တွေကို လျှော့သုံးရမယ်ဆိုတဲ့စိတ်လေး သင့်မှာရှိဖို့လိုပါတယ်။ ဒီစိတ်လေးမရှိဘူးဆိုရင်တော့ အပေါ်ကဟာတွေလည်း လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ...

By:Kawi 04/10/2019

Liked

Back to Top