Loading...

Home Kawi Eats Kawi Inspires
ငှက်ပျောသီးစားပြီးရင် အခွံကို လွှတ်ပစ်နေတုန်းပဲလား??? In:Kawi Eats
1 1 0

ကျွန်တော်တို့ စားပြီးတိုင်း လွှင့်ပစ်လိုက်တဲ့ ငှက်ပျောသီးအခွံလေးတွေတောင် အသုံးဝင်တဲ့ နေရာလေးတွေရှိပါတယ်။ တကယ်လို့ အရေးကြုံလာရင်သုံးလို့ရအောင်နဲ့ မလွှင့်ပစ်ဘဲ သုံးလို့ရမယ့်နေရာလေးတွေကို သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်နော်…

၁။ ဝက်ခြံတွေကို သက်သာစေပါတယ်။

ငှက်ပျောသီးမှာပါဝင်တဲ့ vitamin C နဲ့ E အပြင် potassium ဓာတ်တွေက ဝက်ခြံတွေကို သက်သာစေပါတယ်။ ငှက်ပျောသီးအခွံကို မျက်နှာပေါ်တင်ထားပြီး (၅) မိနစ်ကနေ (၁၀) မိနစ်လောက်တင်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်နေ့ကို (၂) ကြိမ်လောက်ထိ ပြုလုပ်လို့ရပါတယ်။

၂။ ငွေထည်ပစ္စည်းတွေကို သန့်ရှင်းတဲ့ နေရာမှာ သုံးလို့ရပါတယ်။ 

ငှက်ပျောသီးအခွံမှာပါဝင်တဲ့ potassium ဓာတ်က ငွေထည်တွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ညစ်ပတ်နေတဲ့ ငွေထည်ပစ္စည်းတွေကို ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ရုံနဲ့ သန့်ရှင်းသွားစေမှာပါ။

၃။ Leather ပစ္စည်းတွေကို တောက်ပြောင်စေပါတယ်။

ကိုယ်ရဲ့ Leather ပစ္စည်းတွေ ခြောက်သွေ့ပြီး အရောင်မထွက်တော့တာ၊ ဟောင်းနေတဲ့ပုံပေါက်နေတာတို့ဆိုရင် ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်လိုက်ရင် ပြန်လည်တောက်ပြောင်လာမှာပဲ ဖြစ်ပါတယ်။ 

၄။ သွားတွေကို ဖြူစေပါတယ်။

သွားတိုက်ပြီးတဲ့အခါ ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးရင် potassium ဓာတ်ကြောင့် ဝါနေတဲ့ သွားတွေကိုဖြူလာစေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို သောက်လေ့ရှိတဲ့လူတွေ ပြုလုပ်ပေးသင့်ပါတယ်။ 

၅။ အပင်စိုက်တဲ့အခါ မြေသြဇာဖြစ်စေတယ်။

ပန်းပင်လေးတွေ၊ သစ်ပင်လေးတွေစိုက်တဲ့အခါ ငှက်ပျောသီးအခွံလေးတွေကို သေးသေးလေးတွေ့ပိုင်းပြီး ထည့်စိုက်မယ်ဆိုရင် သဘာဝမြေသြဖြစ်စေပြီး အပင်ကြီးထွားနှုန်းကို အထောက်အကူဖြစ်စေမှာပါ။

၆။ အမာရွတ်တွေကို သက်သာစေပါတယ်။

ငှက်ပျောသီးအခွံကို ဖြစ်တဲ့နေရာမှာ တင်ထားပြီး (၁) နာရီ သို့မဟုတ် တစ်ညလောက်ထားထားလိုက်ရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမာရွတ်နဲ့ အနီကွက်တွေကို သက်သာစေမှာပါ။ မျက်ကွင်းညိုနေတာတွေအတွက်ပါ အသုံးပြုလို့ရပါတယ်။

You may also like

ကိုယ်ရဲ့အဆင်မပြေမှုတွေကို သူများကိုမကူးစက်စေချင်ပါနဲ့… In:Kawi Inspires, Life Hacks
2 8 1

ကျွန်တော်တို့အားလုံးမှာ အဆင်ပြေတဲ့နေ့ရက်တွေရှိသလို အဆင်မပြေတဲ့ နေရက်တွေလည်း ကြုံတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့တိုင်းသဘောမကောင်းနိုင်ကြပါဘူး။ ကျွန်တော်တို့အဆင်မပြေဖြစ်နေတဲ့အချိန်တွေ နေ့ရက်တွေမှာ ကျွန်တော်တို့အမူအရာတွေက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်ပေါ့ဗျာ။  ဘိုင်ပျက်နေတဲ့လမှာမှ ကိုယ့်ရဲ့ ဖုန်းလေးကျကွဲသွားလို့ စိတ်ပျက်နေရတဲ့အထဲ သူငယ်ချင်းက သူ့ရဲ့ဖုန်းအသစ်ကိုလာကြွားနေတာကို ဘယ်လိုဝမ်းသာပြနိုင်မှာလဲ? သူ့ဖုန်းမကောင်းတဲ့အကြောင်းတောင် ပြောမိရင် ပြောမိပါဦးမယ်။ အမှန်ဆိုရင် ကိုယ့်ဖုန်းကျကွဲသွားတာ သူနဲ့ဘာမှမဆိုင်ပါဘူး။  ဖုန်းကျကွဲတာထက် ဆိုးရွားတဲ့ အဖြစ်တွေ၊  အဆင်မပြေတဲ့ နေရက်တွေကို ကြုံတွေ့ရတဲ့အခါ မသက်ဆိုင်သူတွေဆီ ပုံချမိတတ်ပါတယ်။ ဒီအခါကိုယ့်ရဲ့ အဆင်မပြေမှုတွေက သူတစ်ပါးကိုပါကူးစက်သွားတတ်ပါတယ်။  ဒီလိုအဖြစ်တွေကို အတတ်နို်င်ဆုံးလျှော့ချနိုင်ဖို့ အောက်ကအချက်လေးတွေကို လိုက်နာလိုက်ပါ။  ၁။ ကိုယ်အဆင်မပြေတဲ့အချိန် အရာရာတိုင်းကို ပြဿနာမလုပ်ပါနဲ့။  ကိုယ်အဆင်မပြေတိုင်း တခြားသူတွေကိုပါ အဆင်မပြေဖြစ်အောင်မလုပ်ချင်ပါနဲ့။ တခြားသူတွေရဲ့ အဆင်ပြေနေတဲ့နေ့ရက်လေးတွေကို ကိုယ်အဆင်မပြေတိုင်း ကိုယ့်ရဲ့ပြဿနာတွေနဲ့ မဖျက်ဆီးလိုက်ပါနဲ့။  ၂။ တခြားသူတွေရဲ့ အောင်မြင်မှုကို ဝမ်းသာပေးလိုက်ပါ။  ကိုယ့်ဘေးကလူတွေ အဆင်ပြေသွားတာ၊ ရာထူးတိုးသွားတာကိုကြည့်ပြီး ဝမ်းသာပေးလိုက်ပါ။ မနာလိုဖြစ်မယ့်အစား သူတို့လိုဖြစ်အောင် ကြိုးစားရတော့မယ်လို့ တွေးလိုက်ပါ။  ၃။ မကောင်းမြင်တဲ့ စကားဝိုင်းတွေကို ရှောင်ပါ။ သင်မကောင်းမြင်တတ်လာ၊ မကောင်းပြောတတ်လာတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက မကောင်းမြင်တတ်တဲ့ စကားဝိုင်းတွေ၊ လူတွေကြားမှာ ရှိနေလို့ပါ။  ၄။ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်အောင် ဖြည်းဖြည်းချင်းလေ့ကျင့်ပါ။  အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေကို တွေးနေမယ့်အစား ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်လာအောင် လေ့ကျင့်ပါ။  ၅။ လူတွေမကောင်းကြောင်းပဲပြောနေတဲ့ အကောင့်တွေကို unfollow လုပ်ထားပါ။   အပေါ်မှာပြောခဲ့သလို မကောင်းမြင်တတ်သူတွေက ကိုယ့်ကို မကောင်းပဲမြင်စေတတ်ပါတယ်။ Social Media တွေမှာပါ unfollow လုပ်ထားပါ။  ၆။ အမြဲတမ်းမှန်ဖို့ မကြိုစားပါနဲ့။  တချို့အမှန်တရားတွေက မှန်တယ်ဆိုပေမယ့် သူများအတွက်လည်း အကျိုးမရှိသလို၊ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ တစ်ခါတလေ မှားနေပေမယ့် သူ့အတွက်လည်းအကျိုးရှိသွားစေမယ် ကိုယ့်အတွက်လည်း အကျိုးရှိသွားစေမယ်ဆိုရင် တန်ပါတယ်။  ၇။ မလိုအပ်ဘဲ အာရုံစိုက်မခံချင်ပါနဲ့။ လူတွေရဲ့ အာရုံစိုက်မှုကို ခံယူရတာကောင်းပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ အတင်းလိုချင်နေရင်တော့ လူအမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။  ၈။ ကိုယ်ကြောင့် လူတစ်ယောက်ကိုထိခိုက်သွားစေတဲ့အခါ တောင်းပန်ပါ။  တစ်ခါတလေ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် လူတချို့ကိုထိခိုက်အောင် လုပ်မိတတ်ကြပါတယ်။ လူတိုင်းအမှားနဲ့မကင်းဘူးလေ။ ဒါပေမယ့် တောင်းပန်ဖို့လိုပါတယ်။  ၉။ သူများအတင်း နောက်ကွယ်မှာပြောတတ်တာကို ဖျောက်လိုက်ပါ။  သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်ကိုလည်း အချိန်ကုန်စေမယ့် အရာကို မလုပ်ချင်ပါနဲ့။ ၁၀။ ကိုယ်ရဲ့ထင်မြင်ချက်နဲ့ တခြားသူရဲ့ဆုံးဖြတ်ချက်ကို မဝေဖန်ပါနဲ့။  ကိုယ့်ထင်မြင်ချက်က ကိုယ့်အတွက်မှန်ပေမယ့် သူ့အတွက်မှန်ချင်မှ မှန်မှာပါ။ အကြံပေးလို့ရပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ မဝေဖန်လိုက်ပါနဲ့။  ...

By:Kawi 04/09/2019
ဒါတွေစားပြီး စာကျက်ရင် စာပိုရတယ်တဲ့ In: Kawi Eats
1 6 0

စာကျက်ရင်း မုန်စားတတ်တဲ့သူလေးတွေ၊ မုန့်ပါမှ စာကျက်တတ်တဲ့လူလေးတွေရော တခြားမုန့်တွေထက် ဒါလေးတွေစားပြီး စာကျက်ရင် စာပိုရမှာတဲ့နော်… Dark Chocolate  ရိုးရိုးချောကလက်မဟုတ်တာတော့ ဆိုးတယ်။ Dark Chocolate ကနည်းနည်း ခါးတယ်လေနော်။ Dark Chocolate မှာ ပါဝင်မှုနှုန်းအများဆုံးဖြစ်တဲ့ Cocoa က ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ အပြင် အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သင်ယူလေ့လာမှုနှုန်းကို မြင့်တက်စေမှာပါ။ အစေ့အဆံများ စာလေးဆိုကြည့်လိုက် အစေ့လေးတွေဝါးလိုက် ကွက်တိပဲ။ အစေ့အဆံတွေဖြစ်တဲ့ မြေပဲ၊ သီဟိုစေ့၊ almond တို့မှာ Omega 3 Fatty Acid နဲ့ Vitamin E ဓာတ်တို့ပါဝင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ ကာဖင်းဓာတ်က အားလုံးသိကြတဲ့အတိုင်း လန်းဆန်းစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတာကြောင့် စာကျက်လို့ ပိုကောင်းစေမှာပါ။ ညဘက်တော့ အရမ်းမသောက်နဲ့ ပေါ့နော်။ Greek Yogurt ညဘက်စာလုပ်တတ်သူတွေအတွက် ကော်ဖီလည်း မသောက်ချင်ဘူးဆိုရင် ချဉ်ချဉ်လေးဆိုတော့ အဆင်ပြေပါတယ်။ ပြီးတော့ greek yogurt က ရိုးရိုး yogurt တွေထက် protain ပါဝင်မှုနှုန်းပိုများပါတယ်။ အရမ်းချဉ်တာမကြိုက်ရင်တော့ အသီးလေးတွေနဲ့ တွဲစားပေါ့နော်။  ကြက်ဥ  လုပ်ရလွယ်ကူပြီး အမျိုးမျိုးလည်း လုပ်စားလို့ရတာကြောင့် ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်ပြေပါတယ်။ ကြက်ဥမှာ Vitamin B ပါဝင်တာကြောင့် မှတ်မိလွယ်စေပါတယ်တဲ့။ Berries  ဘယ်ရီတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတွေမှာ ပါဝင်တဲ့ဓာတ်က ဦးနှောက်ဆဲ(လ်)တွေ တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် စာကျက်ရတာပို အဆင်ပြေမှာပါ။ ချဉ်ချဉ်လေးတွေဆိုတော့ အိပ်ချင်လည်းပြေတာပေါ့နော်။  အသီးအနှံသုပ် ဒီတစ်ခုကတော့ ကြိုက်နှစ်သက်တဲ့ အသီးအနှံတွေကို လှီးပြီး အသီးအနှံသုပ်ကြီးလုပ်လိုက်တာပါ။ ပန်းသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး ကြိုက်နှစ်သက်တာ အကုန်လုံးထည့်လို့ရပါတယ်။ အသီးအနှံတွေမှာ Vitamin အမျိုးမျိုးပါတာဆိုတော့ ပြောနေစရာမလိုတော့ဘူးပေါ့။ ကြိုက်တတ်တယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ Greek Yogurt နဲ့ ဘယ်ရီလေးတွေလည်း ထည့်ဖို့မမေ့နဲ့နော်။  ...

By:Kawi 04/10/2019

Liked

Back to Top