Loading...

Home Kawi Eats Kawi Inspires
ကိုယ်ရဲ့အဆင်မပြေမှုတွေကို သူများကိုမကူးစက်စေချင်ပါနဲ့… In:Kawi Inspires, Life Hacks
2 8 1

ကျွန်တော်တို့အားလုံးမှာ အဆင်ပြေတဲ့နေ့ရက်တွေရှိသလို အဆင်မပြေတဲ့ နေရက်တွေလည်း ကြုံတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့တိုင်းသဘောမကောင်းနိုင်ကြပါဘူး။ ကျွန်တော်တို့အဆင်မပြေဖြစ်နေတဲ့အချိန်တွေ နေ့ရက်တွေမှာ ကျွန်တော်တို့အမူအရာတွေက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်ပေါ့ဗျာ။ 

ဘိုင်ပျက်နေတဲ့လမှာမှ ကိုယ့်ရဲ့ ဖုန်းလေးကျကွဲသွားလို့ စိတ်ပျက်နေရတဲ့အထဲ သူငယ်ချင်းက သူ့ရဲ့ဖုန်းအသစ်ကိုလာကြွားနေတာကို ဘယ်လိုဝမ်းသာပြနိုင်မှာလဲ? သူ့ဖုန်းမကောင်းတဲ့အကြောင်းတောင် ပြောမိရင် ပြောမိပါဦးမယ်။ အမှန်ဆိုရင် ကိုယ့်ဖုန်းကျကွဲသွားတာ သူနဲ့ဘာမှမဆိုင်ပါဘူး။ 

ဖုန်းကျကွဲတာထက် ဆိုးရွားတဲ့ အဖြစ်တွေ၊  အဆင်မပြေတဲ့ နေရက်တွေကို ကြုံတွေ့ရတဲ့အခါ မသက်ဆိုင်သူတွေဆီ ပုံချမိတတ်ပါတယ်။ ဒီအခါကိုယ့်ရဲ့ အဆင်မပြေမှုတွေက သူတစ်ပါးကိုပါကူးစက်သွားတတ်ပါတယ်။  ဒီလိုအဖြစ်တွေကို အတတ်နို်င်ဆုံးလျှော့ချနိုင်ဖို့ အောက်ကအချက်လေးတွေကို လိုက်နာလိုက်ပါ။ 

၁။ ကိုယ်အဆင်မပြေတဲ့အချိန် အရာရာတိုင်းကို ပြဿနာမလုပ်ပါနဲ့။ 

ကိုယ်အဆင်မပြေတိုင်း တခြားသူတွေကိုပါ အဆင်မပြေဖြစ်အောင်မလုပ်ချင်ပါနဲ့။ တခြားသူတွေရဲ့ အဆင်ပြေနေတဲ့နေ့ရက်လေးတွေကို ကိုယ်အဆင်မပြေတိုင်း ကိုယ့်ရဲ့ပြဿနာတွေနဲ့ မဖျက်ဆီးလိုက်ပါနဲ့။ 

၂။ တခြားသူတွေရဲ့ အောင်မြင်မှုကို ဝမ်းသာပေးလိုက်ပါ။ 

ကိုယ့်ဘေးကလူတွေ အဆင်ပြေသွားတာ၊ ရာထူးတိုးသွားတာကိုကြည့်ပြီး ဝမ်းသာပေးလိုက်ပါ။ မနာလိုဖြစ်မယ့်အစား သူတို့လိုဖြစ်အောင် ကြိုးစားရတော့မယ်လို့ တွေးလိုက်ပါ။ 

၃။ မကောင်းမြင်တဲ့ စကားဝိုင်းတွေကို ရှောင်ပါ။

သင်မကောင်းမြင်တတ်လာ၊ မကောင်းပြောတတ်လာတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက မကောင်းမြင်တတ်တဲ့ စကားဝိုင်းတွေ၊ လူတွေကြားမှာ ရှိနေလို့ပါ။ 

၄။ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်အောင် ဖြည်းဖြည်းချင်းလေ့ကျင့်ပါ။ 

အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေကို တွေးနေမယ့်အစား ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်လာအောင် လေ့ကျင့်ပါ။ 

၅။ လူတွေမကောင်းကြောင်းပဲပြောနေတဲ့ အကောင့်တွေကို unfollow လုပ်ထားပါ။ 

 အပေါ်မှာပြောခဲ့သလို မကောင်းမြင်တတ်သူတွေက ကိုယ့်ကို မကောင်းပဲမြင်စေတတ်ပါတယ်။ Social Media တွေမှာပါ unfollow လုပ်ထားပါ။ 

၆။ အမြဲတမ်းမှန်ဖို့ မကြိုစားပါနဲ့။ 

တချို့အမှန်တရားတွေက မှန်တယ်ဆိုပေမယ့် သူများအတွက်လည်း အကျိုးမရှိသလို၊ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ တစ်ခါတလေ မှားနေပေမယ့် သူ့အတွက်လည်းအကျိုးရှိသွားစေမယ် ကိုယ့်အတွက်လည်း အကျိုးရှိသွားစေမယ်ဆိုရင် တန်ပါတယ်။ 

၇။ မလိုအပ်ဘဲ အာရုံစိုက်မခံချင်ပါနဲ့။

လူတွေရဲ့ အာရုံစိုက်မှုကို ခံယူရတာကောင်းပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ အတင်းလိုချင်နေရင်တော့ လူအမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။ 

၈။ ကိုယ်ကြောင့် လူတစ်ယောက်ကိုထိခိုက်သွားစေတဲ့အခါ တောင်းပန်ပါ။ 

တစ်ခါတလေ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် လူတချို့ကိုထိခိုက်အောင် လုပ်မိတတ်ကြပါတယ်။ လူတိုင်းအမှားနဲ့မကင်းဘူးလေ။ ဒါပေမယ့် တောင်းပန်ဖို့လိုပါတယ်။ 

၉။ သူများအတင်း နောက်ကွယ်မှာပြောတတ်တာကို ဖျောက်လိုက်ပါ။ 

သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်ကိုလည်း အချိန်ကုန်စေမယ့် အရာကို မလုပ်ချင်ပါနဲ့။

၁၀။ ကိုယ်ရဲ့ထင်မြင်ချက်နဲ့ တခြားသူရဲ့ဆုံးဖြတ်ချက်ကို မဝေဖန်ပါနဲ့။ 

ကိုယ့်ထင်မြင်ချက်က ကိုယ့်အတွက်မှန်ပေမယ့် သူ့အတွက်မှန်ချင်မှ မှန်မှာပါ။ အကြံပေးလို့ရပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ မဝေဖန်လိုက်ပါနဲ့။ 

By:Swati Kumari 19/11/2019

nnh

You may also like

မီတာခကို ဘယ်လိုချွေတာမလဲ? In:Kawi Inspires, Life Hacks
0 2 0

အိမ်မှာမိတာခ ဘယ်လောက်ဖြစ်သွားပြီလဲ?? မီတာခတွေလည်းတိုးကောက်လိုက်ပြီ၊ တိုးကောက်ပြီးပြီဆိုတော့ မီးကလည်းမှန်လာတော့မယ်။ ဒီတော့ မီတာခက တက်ပြီးရင်းတက်လာတော့မယ်ပေါ့နော်။ အရမ်းလည်း စိတ်မပျက်ပါနဲ့။ ပြန်ပြီးပြောင်းလဲလို့မရတော့မယ့် အရာတစ်ခုကို ညည်းနေတာထက်စာရင် ဒီအချက်တွေကို သတိထားလိုက်ရင် အနည်းနဲ့အများတော့ မီတာခ သက်သာသွားပါလိမ့်မယ်။  ၁။ ပလပ်ပေါက်တွေကို မသုံးရင်ပိတ်ဖို့ သတိရပါ။ ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်ပလပ်ပေါက်နဲ့ extension ပလပ်ပေါက်တွေအကုန်လုံးကို မသုံးသေးတဲ့အခါတွေမှာ ပါ၀ါခလုတ်ပိတ်ထားဖို့မမေ့ပါနဲ့။ ဒီလျှပ်စစ်ပလပ်ပေါက်တွေက ပါ၀ါခလုတ်ဖွင့်ထားရင် ကိုယ်သုံးသုံး မသုံးသုံး လျှပ်စစ်စီးနေတာကြောင့် မီတာခတွေအလိုလိုတိုးနေပါလိမ့်မယ်။ ၂။ အပြင်သွားတော့မယ်ဆိုရင် သတိတရနဲ့ မိန်းချခဲ့ပါ။ မနက်အလုပ်သွားတာတို့၊ နေ့ခင်းနေ့လည်အပြင်သွားတဲ့အခါ အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေမှာ ဖြစ်နိုင်ရင်မိန်းချခဲ့ကြပါ။ ဒီလိုမျိုးမိန်းချခဲ့တာက ကိုယ်အိမ်မှာမရှိတဲ့အချိန်တွေမှာ လျှပ်စစ်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ မီးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် မီတာခအပိုတွေတက်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ ၃။ မီတာခသက်သာအောင် အဲကွန်းကို ဒီလိုဖွင့်ပါ။  လူတွေတော်တော်များများက အပြင်ကနေပြန်လာပြီးပူလို့ အဲကွန်းတွေစဖွင့်ရင် ချက်ချင်း မြန်မြန်အေးအောင်လို့ နံပါတ် (၁၆) ကိုတန်းပြီးဖွင့်ထားတတ်ကြတယ်။ ဒီလိုမျိုးလုပ်တာက အဲကွန်းကိုပိုပြီးရုန်းစေရတဲ့အတွက် မီတာလည်းပိုပြီးစားစေပါတယ်။ အဲဒါကြောင့် အဲကွန်းဖွင့်တဲ့အခါမှာ အအေးဆုံးနံပါတ်ကိုချက်ချင်းမဖွင့်ဘဲ (၂၅) လောက်ကနေစဖွင့်ပြီးမှ (၂၃၊ ၂၀၊ ၁၈) စသဖြင့် တဖြည်းဖြည်းပြောင်းကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ၄။ မီးချောင်းတွေလျှော့ဖွင့်ကြည့်ပါ။ နေ့ခင်းနေ့လည်လိုမျိုး နေအလင်းရောင်ရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အိမ်ကမီးချောင်းတွေကို မလိုအပ်ရင်ပိတ်ထားလိုက်ပါ။ အဲဒီလိုပဲ ညဘက်အိပ်တော့မယ်ဆိုရင်လည်း မီးချောင်းတွေ၊ မီးလုံးတွေကို ပိတ်ပြီးအိပ်ကြည့်ပါ။ ဒီလိုမျိုး မီးချောင်းတွေကို မလိုအပ်ဘဲမသုံးတာက ကိုယ့်အိမ်ကမီးချောင်းတွေရဲ့ သက်တမ်းကိုပိုရှည်စေမှာဖြစ်ပြီး မီတာခကိုလည်းအနည်းနဲ့အများတော့ ချွေတာနိုင်ပါတယ်။ ၅။ ကိုယ့်ရဲ့အိမ်က TV တွေကို တစ်ချက်တစ်ချက်အနားပေးလိုက်ပါ။ TV တွေကလည်း မီတာစားတဲ့လျှပ်စစ်ပစ္စည်းတွေဆိုတာ မေ့မထားသင့်ပါဘူး။ TV တွေကိုမကြည့်ဘဲဖွင့်ထားတာတွေ၊ ကြည့်ပြီးပိတ်ဖို့မေ့နေတာတွေက ကိုယ့်အိမ်ကမီတာခတွေကို တက်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုပါ။ အဲဒါကြောင့် မီတာခတွေအရမ်းမတက်ချင်ရင်တော့ ကိုယ့်အိမ်က TV တွေကို သတိတရနဲ့ ပိတ်ဖို့မမေ့ပါနဲ့။ ၆။ ရေလျှော့သုံးပြီး လျှပ်စစ်ချွေတာကြည့်ပါ။ အိမ်မှာမျက်နှာသစ်၊ သွားတိုက်တာကအစ ရေချိုးတာ၊ အဝတ်လျှော်တာ စတဲ့အချိန်တွေမှာ ကိုယ်မသုံးသေးဘဲနဲ့ ရေတွေဖွင့်ထားတာက ရေကုန်မြန်စေတဲ့အတွက် ရေခဏခဏပြန်တင်စေရပါတယ်။ အဲဒါကြောင့် ကိုယ်သတိမထားမိဘဲ ရေတွေဖွင့်ထားမိတာကို တတ်နိုင်သလောက်လျှော့ပြီး ရေမော်တာတွေကနေကုန်မယ့် မီတာခတွေကိုလျှော့ချနိုင်သလို၊ ရေအလေအလွင့်ဖြစ်မှာကိုလည်း လျော့ချပေးနိုင်ပါတယ်။ ၇။ သင်တစ်နေ့ကိုဖုန်းအား ဘယ်နှစ်ခါသွင်းမှာလဲ? နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ဖုန်းကနေ Facebook အကြာကြီးကြည့်တာ၊ ဂိမ်းအရမ်းဆော့တာတွေက ဖုန်းအားကုန်မြန်စေပြီး ခဏခဏပြန်ပြန်အားသွင်းရတာတွေ ဖြစ်စေမှာပါ။ ဒီလိုမျိုး ခဏခဏပြန်ပြီးဖုန်းအားသွင်းရတာတွေကလည်း မီတာခတက်စေတဲ့အထဲ အနည်းနဲ့အများတော့ပါ၀င်နေပါတယ်။ အဲဒါကြောင့် ဖုန်းသုံးတာလေးနည်းနည်းလောက်လျှော့ပြီး မီတာခကိုချွေတာကြည့်ကြည့်လိုက်ပါ။   -Na Na (2.9.2019) ...

By:Kawi 02/09/2019
ငှက်ပျောသီးစားပြီးရင် အခွံကို လွှတ်ပစ်နေတုန်းပဲလား??? In: Kawi Eats
1 1 0

ကျွန်တော်တို့ စားပြီးတိုင်း လွှင့်ပစ်လိုက်တဲ့ ငှက်ပျောသီးအခွံလေးတွေတောင် အသုံးဝင်တဲ့ နေရာလေးတွေရှိပါတယ်။ တကယ်လို့ အရေးကြုံလာရင်သုံးလို့ရအောင်နဲ့ မလွှင့်ပစ်ဘဲ သုံးလို့ရမယ့်နေရာလေးတွေကို သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်နော်… ၁။ ဝက်ခြံတွေကို သက်သာစေပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ vitamin C နဲ့ E အပြင် potassium ဓာတ်တွေက ဝက်ခြံတွေကို သက်သာစေပါတယ်။ ငှက်ပျောသီးအခွံကို မျက်နှာပေါ်တင်ထားပြီး (၅) မိနစ်ကနေ (၁၀) မိနစ်လောက်တင်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်နေ့ကို (၂) ကြိမ်လောက်ထိ ပြုလုပ်လို့ရပါတယ်။ ၂။ ငွေထည်ပစ္စည်းတွေကို သန့်ရှင်းတဲ့ နေရာမှာ သုံးလို့ရပါတယ်။  ငှက်ပျောသီးအခွံမှာပါဝင်တဲ့ potassium ဓာတ်က ငွေထည်တွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ညစ်ပတ်နေတဲ့ ငွေထည်ပစ္စည်းတွေကို ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ရုံနဲ့ သန့်ရှင်းသွားစေမှာပါ။ ၃။ Leather ပစ္စည်းတွေကို တောက်ပြောင်စေပါတယ်။ ကိုယ်ရဲ့ Leather ပစ္စည်းတွေ ခြောက်သွေ့ပြီး အရောင်မထွက်တော့တာ၊ ဟောင်းနေတဲ့ပုံပေါက်နေတာတို့ဆိုရင် ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်လိုက်ရင် ပြန်လည်တောက်ပြောင်လာမှာပဲ ဖြစ်ပါတယ်။  ၄။ သွားတွေကို ဖြူစေပါတယ်။ သွားတိုက်ပြီးတဲ့အခါ ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးရင် potassium ဓာတ်ကြောင့် ဝါနေတဲ့ သွားတွေကိုဖြူလာစေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို သောက်လေ့ရှိတဲ့လူတွေ ပြုလုပ်ပေးသင့်ပါတယ်။  ၅။ အပင်စိုက်တဲ့အခါ မြေသြဇာဖြစ်စေတယ်။ ပန်းပင်လေးတွေ၊ သစ်ပင်လေးတွေစိုက်တဲ့အခါ ငှက်ပျောသီးအခွံလေးတွေကို သေးသေးလေးတွေ့ပိုင်းပြီး ထည့်စိုက်မယ်ဆိုရင် သဘာဝမြေသြဖြစ်စေပြီး အပင်ကြီးထွားနှုန်းကို အထောက်အကူဖြစ်စေမှာပါ။ ၆။ အမာရွတ်တွေကို သက်သာစေပါတယ်။ ငှက်ပျောသီးအခွံကို ဖြစ်တဲ့နေရာမှာ တင်ထားပြီး (၁) နာရီ သို့မဟုတ် တစ်ညလောက်ထားထားလိုက်ရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမာရွတ်နဲ့ အနီကွက်တွေကို သက်သာစေမှာပါ။ မျက်ကွင်းညိုနေတာတွေအတွက်ပါ အသုံးပြုလို့ရပါတယ်။ ...

By:Kawi 01/10/2019

Liked

Back to Top