Loading...

Home Kawi Eats Kawi Inspires
မီတာခကို ဘယ်လိုချွေတာမလဲ? In:Kawi Inspires, Life Hacks
0 2 0

အိမ်မှာမိတာခ ဘယ်လောက်ဖြစ်သွားပြီလဲ??

မီတာခတွေလည်းတိုးကောက်လိုက်ပြီ၊ တိုးကောက်ပြီးပြီဆိုတော့ မီးကလည်းမှန်လာတော့မယ်။ ဒီတော့ မီတာခက တက်ပြီးရင်းတက်လာတော့မယ်ပေါ့နော်။ အရမ်းလည်း စိတ်မပျက်ပါနဲ့။ ပြန်ပြီးပြောင်းလဲလို့မရတော့မယ့် အရာတစ်ခုကို ညည်းနေတာထက်စာရင် ဒီအချက်တွေကို သတိထားလိုက်ရင် အနည်းနဲ့အများတော့ မီတာခ သက်သာသွားပါလိမ့်မယ်။ 

၁။ ပလပ်ပေါက်တွေကို မသုံးရင်ပိတ်ဖို့ သတိရပါ။

ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်ပလပ်ပေါက်နဲ့ extension ပလပ်ပေါက်တွေအကုန်လုံးကို မသုံးသေးတဲ့အခါတွေမှာ ပါ၀ါခလုတ်ပိတ်ထားဖို့မမေ့ပါနဲ့။ ဒီလျှပ်စစ်ပလပ်ပေါက်တွေက ပါ၀ါခလုတ်ဖွင့်ထားရင် ကိုယ်သုံးသုံး မသုံးသုံး လျှပ်စစ်စီးနေတာကြောင့် မီတာခတွေအလိုလိုတိုးနေပါလိမ့်မယ်။

၂။ အပြင်သွားတော့မယ်ဆိုရင် သတိတရနဲ့ မိန်းချခဲ့ပါ။

မနက်အလုပ်သွားတာတို့၊ နေ့ခင်းနေ့လည်အပြင်သွားတဲ့အခါ အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေမှာ ဖြစ်နိုင်ရင်မိန်းချခဲ့ကြပါ။ ဒီလိုမျိုးမိန်းချခဲ့တာက ကိုယ်အိမ်မှာမရှိတဲ့အချိန်တွေမှာ လျှပ်စစ်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ မီးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် မီတာခအပိုတွေတက်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။

၃။ မီတာခသက်သာအောင် အဲကွန်းကို ဒီလိုဖွင့်ပါ။ 

လူတွေတော်တော်များများက အပြင်ကနေပြန်လာပြီးပူလို့ အဲကွန်းတွေစဖွင့်ရင် ချက်ချင်း မြန်မြန်အေးအောင်လို့ နံပါတ် (၁၆) ကိုတန်းပြီးဖွင့်ထားတတ်ကြတယ်။ ဒီလိုမျိုးလုပ်တာက အဲကွန်းကိုပိုပြီးရုန်းစေရတဲ့အတွက် မီတာလည်းပိုပြီးစားစေပါတယ်။ အဲဒါကြောင့် အဲကွန်းဖွင့်တဲ့အခါမှာ အအေးဆုံးနံပါတ်ကိုချက်ချင်းမဖွင့်ဘဲ (၂၅) လောက်ကနေစဖွင့်ပြီးမှ (၂၃၊ ၂၀၊ ၁၈) စသဖြင့် တဖြည်းဖြည်းပြောင်းကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

၄။ မီးချောင်းတွေလျှော့ဖွင့်ကြည့်ပါ။

နေ့ခင်းနေ့လည်လိုမျိုး နေအလင်းရောင်ရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အိမ်ကမီးချောင်းတွေကို မလိုအပ်ရင်ပိတ်ထားလိုက်ပါ။ အဲဒီလိုပဲ ညဘက်အိပ်တော့မယ်ဆိုရင်လည်း မီးချောင်းတွေ၊ မီးလုံးတွေကို ပိတ်ပြီးအိပ်ကြည့်ပါ။ ဒီလိုမျိုး မီးချောင်းတွေကို မလိုအပ်ဘဲမသုံးတာက ကိုယ့်အိမ်ကမီးချောင်းတွေရဲ့ သက်တမ်းကိုပိုရှည်စေမှာဖြစ်ပြီး မီတာခကိုလည်းအနည်းနဲ့အများတော့ ချွေတာနိုင်ပါတယ်။

၅။ ကိုယ့်ရဲ့အိမ်က TV တွေကို တစ်ချက်တစ်ချက်အနားပေးလိုက်ပါ။

TV တွေကလည်း မီတာစားတဲ့လျှပ်စစ်ပစ္စည်းတွေဆိုတာ မေ့မထားသင့်ပါဘူး။ TV တွေကိုမကြည့်ဘဲဖွင့်ထားတာတွေ၊ ကြည့်ပြီးပိတ်ဖို့မေ့နေတာတွေက ကိုယ့်အိမ်ကမီတာခတွေကို တက်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုပါ။ အဲဒါကြောင့် မီတာခတွေအရမ်းမတက်ချင်ရင်တော့ ကိုယ့်အိမ်က TV တွေကို သတိတရနဲ့ ပိတ်ဖို့မမေ့ပါနဲ့။

၆။ ရေလျှော့သုံးပြီး လျှပ်စစ်ချွေတာကြည့်ပါ။

အိမ်မှာမျက်နှာသစ်၊ သွားတိုက်တာကအစ ရေချိုးတာ၊ အဝတ်လျှော်တာ စတဲ့အချိန်တွေမှာ ကိုယ်မသုံးသေးဘဲနဲ့ ရေတွေဖွင့်ထားတာက ရေကုန်မြန်စေတဲ့အတွက် ရေခဏခဏပြန်တင်စေရပါတယ်။ အဲဒါကြောင့် ကိုယ်သတိမထားမိဘဲ ရေတွေဖွင့်ထားမိတာကို တတ်နိုင်သလောက်လျှော့ပြီး ရေမော်တာတွေကနေကုန်မယ့် မီတာခတွေကိုလျှော့ချနိုင်သလို၊ ရေအလေအလွင့်ဖြစ်မှာကိုလည်း လျော့ချပေးနိုင်ပါတယ်။

၇။ သင်တစ်နေ့ကိုဖုန်းအား ဘယ်နှစ်ခါသွင်းမှာလဲ?

နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ဖုန်းကနေ Facebook အကြာကြီးကြည့်တာ၊ ဂိမ်းအရမ်းဆော့တာတွေက ဖုန်းအားကုန်မြန်စေပြီး ခဏခဏပြန်ပြန်အားသွင်းရတာတွေ ဖြစ်စေမှာပါ။ ဒီလိုမျိုး ခဏခဏပြန်ပြီးဖုန်းအားသွင်းရတာတွေကလည်း မီတာခတက်စေတဲ့အထဲ အနည်းနဲ့အများတော့ပါ၀င်နေပါတယ်။ အဲဒါကြောင့် ဖုန်းသုံးတာလေးနည်းနည်းလောက်လျှော့ပြီး မီတာခကိုချွေတာကြည့်ကြည့်လိုက်ပါ။ 

 -Na Na (2.9.2019)

You may also like

ဘာလို့ မိန်းကလေးတွေဘက်က အရင်ဖွင့်ပြောလေ့မရှိကြတာလဲ? In:Kawi Inspires, Life Hacks
1 5 1

“ဗိုင်းကောင်းကျောက်ဖိ” နေရမယ်တဲ့။ ရှေးလူကြီးတွေက မိန်းကလေးတွေကို ဆုံးမလေ့ရှိကြတယ်။ ဆိုလိုတာကတော့ ပိပိရိရိနဲ့ အိန္ဒြေရရ နေရမယ်ပေါ့။ ဟိုးအရင်ကဆိုရင် မိန်းကလေးတွေ အပြင်မထွက်ရဘူး၊ ယောကျ်ားလေးဘက်က ချစ်ရေးဆိုတာတောင် သုံးနှစ်၊ သုံးမိုးစဉ်းစားရမယ်တဲ့။ ဒါတွေ ဒီလောက်တော့ အခုခေတ်ကြီးထဲမှာ မရှိတော့ဘူးဆိုပေမယ့် ယောကျ်ားလေးဘက်ကပဲ ဖွင့်ပြောမှရမယ်ဆိုတဲ့ အယူတွေရှိနေပါသေးတယ်။ မိန်းကလေးတွေဘက် ဖွင့်ပြောခွင့်မရှိဘူးရယ်လို့မဟုတ်ပေမယ့် ဘယ်သူမှသိပ်ပြီး ပြောလေ့မရှိကြပါဘူး။ ယောကျ်ားလေးဘက်က ဖွင့်ပြောလာမှာကိုပဲ စောင့်လေ့ရှိကြပါတယ်။ ဒါဆို ဘာလို့လဲ?  မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်အနေနဲ့ပဲ ကြည့်မယ်ဆိုရင် လူတစ်ယောက်က ကိုယ်ချစ်ရတဲ့လူကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ လာပြီး အချစ်ရေးဆိုတဲ့လူတွေထဲက အဆင်ပြေတဲ့လူကိုပဲ ရွေးချယ်ရမယ်။ မိဘက ရွေးချယ်ပေးတဲ့ လူကိုရွေးချယ်ရမယ် (အခုတော့ ဒီလိုတွေသိပ်မရှိတော့ပါဘူး)။ တကယ်လို့ ကိုယ့်ကို ချစ်ရေးဆိုလာတဲ့သူ၊ မိဘတွေရွေးချယ်ပေးသူက ကိုယ်မချစ်တဲ့လူဖြစ်နေခဲ့ရင်ရော၊ ဒါ့အပြင်ကို အဲဒီလူက ကိုယ်နဲ့အဆင်မပြေတဲ့လူ၊ ကိုယ့်ကို ဒုက္ခပေးမယ့်လူ ဖြစ်နေခဲ့ရင်ရော ဘယ်သူ တာဝန်ယူမှာလဲ??? ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးပါ။   မိန်းကလေးဘက်က သူ့ရဲ့ခံစားချက်ကို စတင်ဖွင့်ပြောတာနဲ့ လူတော်တော်များများက ဒီမိန်းကလေး ဘယ်လိုမိန်းကလေးလဲ၊ အိန္ဒြေမရှိလိုက်တာ၊ အတင့်ရဲလိုက်တာဆိုတဲ့ အကြည့်တွေဖြစ်လာပါတယ်။ ဒါဆို ယောကျ်ားလေးဘက်က စပြောတာကျတော့ ဘာမှမဖြစ်ပြန်ပါဘူး။ အမှန်ဆိုရင် မိန်းကလေးတွေမှာလည်း သူတို့ခံစားချက်ရှိတယ်။ ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ခံစားချက်ကို ဖွင့်ပြောတာနဲ့ သူများတွေထင်သလို မိန်းကလေးတန်ပေမယ့် ရှုပ်ပွေတာ၊ သစ္စာမရှိတာနဲ့ မတူပါဘူး (လူတိုင်းကို လိုက်ပြီးဖွင့်ပြောနေတာ မဟုတ်ဘူးလေ)။ ဖွင့်ပြောလိုက်လို့ တခြားတစ်ဖက်က လက်ခံတာ၊ လက်မခံတာ၊ ငြင်းတာ၊ မငြင်းတာက တစ်ပိုင်းပါ။ သူတို့ဘက်က ခံစားချက်ကို ဖွင့်ပြောတဲ့အခါ အထင်သေးတဲ့ မျက်လုံးတွေ၊ “မင်းလို အိနြေ္̔ဒမရှိတဲ့ မိန်းကလေးကို စိတ်မဝင်စားဘူး” ဆိုတဲ့ အမူအရာတွေ ကြောင့်သာ မိန်းကလေးတွေအနေနဲ့ ဖွင့်မပြောဘဲ ခံစားချက်တွေကို သိမ်းဆည်းထားရင်း လမ်းမှားတွေရောက်သွားတာ၊ ကိုယ်မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရတာတွေ ဖြစ်လာတာပါ။ တစ်ချိန်က ပညာရေး၊ အတတ်ပညာ၊ အသိပညာ မထွန်းကားတဲ့ အရင်ခတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက အိမ်မှုကိစ္စနိုင်နင်းတာ၊ အိမ်ထဲက အိမ်ပြင်မထွက်တာ၊ သုံးနှစ်သုံးမိုး အချိန်ယူစဉ်းစားတာ စတဲ့ တည်ကြည်မှုတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခုခေတ်မှာတော့ မိန်းကလေးတွေရဲ့ တန်ဖိုး၊ တည်ကြည်မှုက အသိပညာ၊ အတတ်ပညာ၊ အကျင့်စာရိတ္တနဲ့ ထက်မြက်တာ၊ စိတ်ဓာတ်ခို်င်မာတာတွေ ပါလာပါပြီ။ တစ်နည်းအားဖြင့် ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ခေတ်မှာ မိန်းကလေးတွေဘက်က စတင်ဖွင့်ပြောလာတဲ့ ခံစားချက်တွေကိုလည်း အလေးထားပေးသင့်လာပါပြီ။ အနည်းဆုံး ကိုယ်ကငြင်းမယ်ဆိုရင်တော့ လေးစားသမှုရှိတဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောပြပြီး ငြင်းလိုက်ပါ။ အထင်အမြင်သေးတဲ့ မျက်လုံးတွေ၊ အမူအရာတွေနဲ့ မငြင်းလိုက်ပါနဲ့။ ဒါက မိန်းကလေးတွေအတွက် အငြင်းခံရတာထက် နာကျင်ရစေမှာ ဖြစ်ပါတယ်။  -ဥဿာ ...

By:Kawi 30/08/2019
ကိုယ်ရဲ့အဆင်မပြေမှုတွေကို သူများကိုမကူးစက်စေချင်ပါနဲ့… In: Kawi Inspires, Life Hacks
2 8 1

ကျွန်တော်တို့အားလုံးမှာ အဆင်ပြေတဲ့နေ့ရက်တွေရှိသလို အဆင်မပြေတဲ့ နေရက်တွေလည်း ကြုံတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နေ့တိုင်းသဘောမကောင်းနိုင်ကြပါဘူး။ ကျွန်တော်တို့အဆင်မပြေဖြစ်နေတဲ့အချိန်တွေ နေ့ရက်တွေမှာ ကျွန်တော်တို့အမူအရာတွေက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်ပေါ့ဗျာ။  ဘိုင်ပျက်နေတဲ့လမှာမှ ကိုယ့်ရဲ့ ဖုန်းလေးကျကွဲသွားလို့ စိတ်ပျက်နေရတဲ့အထဲ သူငယ်ချင်းက သူ့ရဲ့ဖုန်းအသစ်ကိုလာကြွားနေတာကို ဘယ်လိုဝမ်းသာပြနိုင်မှာလဲ? သူ့ဖုန်းမကောင်းတဲ့အကြောင်းတောင် ပြောမိရင် ပြောမိပါဦးမယ်။ အမှန်ဆိုရင် ကိုယ့်ဖုန်းကျကွဲသွားတာ သူနဲ့ဘာမှမဆိုင်ပါဘူး။  ဖုန်းကျကွဲတာထက် ဆိုးရွားတဲ့ အဖြစ်တွေ၊  အဆင်မပြေတဲ့ နေရက်တွေကို ကြုံတွေ့ရတဲ့အခါ မသက်ဆိုင်သူတွေဆီ ပုံချမိတတ်ပါတယ်။ ဒီအခါကိုယ့်ရဲ့ အဆင်မပြေမှုတွေက သူတစ်ပါးကိုပါကူးစက်သွားတတ်ပါတယ်။  ဒီလိုအဖြစ်တွေကို အတတ်နို်င်ဆုံးလျှော့ချနိုင်ဖို့ အောက်ကအချက်လေးတွေကို လိုက်နာလိုက်ပါ။  ၁။ ကိုယ်အဆင်မပြေတဲ့အချိန် အရာရာတိုင်းကို ပြဿနာမလုပ်ပါနဲ့။  ကိုယ်အဆင်မပြေတိုင်း တခြားသူတွေကိုပါ အဆင်မပြေဖြစ်အောင်မလုပ်ချင်ပါနဲ့။ တခြားသူတွေရဲ့ အဆင်ပြေနေတဲ့နေ့ရက်လေးတွေကို ကိုယ်အဆင်မပြေတိုင်း ကိုယ့်ရဲ့ပြဿနာတွေနဲ့ မဖျက်ဆီးလိုက်ပါနဲ့။  ၂။ တခြားသူတွေရဲ့ အောင်မြင်မှုကို ဝမ်းသာပေးလိုက်ပါ။  ကိုယ့်ဘေးကလူတွေ အဆင်ပြေသွားတာ၊ ရာထူးတိုးသွားတာကိုကြည့်ပြီး ဝမ်းသာပေးလိုက်ပါ။ မနာလိုဖြစ်မယ့်အစား သူတို့လိုဖြစ်အောင် ကြိုးစားရတော့မယ်လို့ တွေးလိုက်ပါ။  ၃။ မကောင်းမြင်တဲ့ စကားဝိုင်းတွေကို ရှောင်ပါ။ သင်မကောင်းမြင်တတ်လာ၊ မကောင်းပြောတတ်လာတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက မကောင်းမြင်တတ်တဲ့ စကားဝိုင်းတွေ၊ လူတွေကြားမှာ ရှိနေလို့ပါ။  ၄။ ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်အောင် ဖြည်းဖြည်းချင်းလေ့ကျင့်ပါ။  အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေကို တွေးနေမယ့်အစား ကိုယ့်ကိုကိုယ်ဂရုစိုက်တတ်လာအောင် လေ့ကျင့်ပါ။  ၅။ လူတွေမကောင်းကြောင်းပဲပြောနေတဲ့ အကောင့်တွေကို unfollow လုပ်ထားပါ။   အပေါ်မှာပြောခဲ့သလို မကောင်းမြင်တတ်သူတွေက ကိုယ့်ကို မကောင်းပဲမြင်စေတတ်ပါတယ်။ Social Media တွေမှာပါ unfollow လုပ်ထားပါ။  ၆။ အမြဲတမ်းမှန်ဖို့ မကြိုစားပါနဲ့။  တချို့အမှန်တရားတွေက မှန်တယ်ဆိုပေမယ့် သူများအတွက်လည်း အကျိုးမရှိသလို၊ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ တစ်ခါတလေ မှားနေပေမယ့် သူ့အတွက်လည်းအကျိုးရှိသွားစေမယ် ကိုယ့်အတွက်လည်း အကျိုးရှိသွားစေမယ်ဆိုရင် တန်ပါတယ်။  ၇။ မလိုအပ်ဘဲ အာရုံစိုက်မခံချင်ပါနဲ့။ လူတွေရဲ့ အာရုံစိုက်မှုကို ခံယူရတာကောင်းပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ အတင်းလိုချင်နေရင်တော့ လူအမြင်ကပ်စရာဖြစ်လာပါလိမ့်မယ်။  ၈။ ကိုယ်ကြောင့် လူတစ်ယောက်ကိုထိခိုက်သွားစေတဲ့အခါ တောင်းပန်ပါ။  တစ်ခါတလေ ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲဖြစ်ဖြစ် လူတချို့ကိုထိခိုက်အောင် လုပ်မိတတ်ကြပါတယ်။ လူတိုင်းအမှားနဲ့မကင်းဘူးလေ။ ဒါပေမယ့် တောင်းပန်ဖို့လိုပါတယ်။  ၉။ သူများအတင်း နောက်ကွယ်မှာပြောတတ်တာကို ဖျောက်လိုက်ပါ။  သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်ကိုလည်း အချိန်ကုန်စေမယ့် အရာကို မလုပ်ချင်ပါနဲ့။ ၁၀။ ကိုယ်ရဲ့ထင်မြင်ချက်နဲ့ တခြားသူရဲ့ဆုံးဖြတ်ချက်ကို မဝေဖန်ပါနဲ့။  ကိုယ့်ထင်မြင်ချက်က ကိုယ့်အတွက်မှန်ပေမယ့် သူ့အတွက်မှန်ချင်မှ မှန်မှာပါ။ အကြံပေးလို့ရပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ မဝေဖန်လိုက်ပါနဲ့။  ...

By:Kawi 04/09/2019

Liked

Back to Top