Loading...

Home Kawi Eats Kawi Inspires
ဘာလို့ မိန်းကလေးတွေဘက်က အရင်ဖွင့်ပြောလေ့မရှိကြတာလဲ? In:Kawi Inspires, Life Hacks
1 5 1

“ဗိုင်းကောင်းကျောက်ဖိ” နေရမယ်တဲ့။ ရှေးလူကြီးတွေက မိန်းကလေးတွေကို ဆုံးမလေ့ရှိကြတယ်။ ဆိုလိုတာကတော့ ပိပိရိရိနဲ့ အိန္ဒြေရရ နေရမယ်ပေါ့။ ဟိုးအရင်ကဆိုရင် မိန်းကလေးတွေ အပြင်မထွက်ရဘူး၊ ယောကျ်ားလေးဘက်က ချစ်ရေးဆိုတာတောင် သုံးနှစ်၊ သုံးမိုးစဉ်းစားရမယ်တဲ့။ ဒါတွေ ဒီလောက်တော့ အခုခေတ်ကြီးထဲမှာ မရှိတော့ဘူးဆိုပေမယ့် ယောကျ်ားလေးဘက်ကပဲ ဖွင့်ပြောမှရမယ်ဆိုတဲ့ အယူတွေရှိနေပါသေးတယ်။ မိန်းကလေးတွေဘက် ဖွင့်ပြောခွင့်မရှိဘူးရယ်လို့မဟုတ်ပေမယ့် ဘယ်သူမှသိပ်ပြီး ပြောလေ့မရှိကြပါဘူး။ ယောကျ်ားလေးဘက်က ဖွင့်ပြောလာမှာကိုပဲ စောင့်လေ့ရှိကြပါတယ်။ ဒါဆို ဘာလို့လဲ? 

မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်အနေနဲ့ပဲ ကြည့်မယ်ဆိုရင် လူတစ်ယောက်က ကိုယ်ချစ်ရတဲ့လူကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ လာပြီး အချစ်ရေးဆိုတဲ့လူတွေထဲက အဆင်ပြေတဲ့လူကိုပဲ ရွေးချယ်ရမယ်။ မိဘက ရွေးချယ်ပေးတဲ့ လူကိုရွေးချယ်ရမယ် (အခုတော့ ဒီလိုတွေသိပ်မရှိတော့ပါဘူး)။ တကယ်လို့ ကိုယ့်ကို ချစ်ရေးဆိုလာတဲ့သူ၊ မိဘတွေရွေးချယ်ပေးသူက ကိုယ်မချစ်တဲ့လူဖြစ်နေခဲ့ရင်ရော၊ ဒါ့အပြင်ကို အဲဒီလူက ကိုယ်နဲ့အဆင်မပြေတဲ့လူ၊ ကိုယ့်ကို ဒုက္ခပေးမယ့်လူ ဖြစ်နေခဲ့ရင်ရော ဘယ်သူ တာဝန်ယူမှာလဲ??? ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးပါ။  

မိန်းကလေးဘက်က သူ့ရဲ့ခံစားချက်ကို စတင်ဖွင့်ပြောတာနဲ့ လူတော်တော်များများက ဒီမိန်းကလေး ဘယ်လိုမိန်းကလေးလဲ၊ အိန္ဒြေမရှိလိုက်တာ၊ အတင့်ရဲလိုက်တာဆိုတဲ့ အကြည့်တွေဖြစ်လာပါတယ်။ ဒါဆို ယောကျ်ားလေးဘက်က စပြောတာကျတော့ ဘာမှမဖြစ်ပြန်ပါဘူး။ အမှန်ဆိုရင် မိန်းကလေးတွေမှာလည်း သူတို့ခံစားချက်ရှိတယ်။ ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ခံစားချက်ကို ဖွင့်ပြောတာနဲ့ သူများတွေထင်သလို မိန်းကလေးတန်ပေမယ့် ရှုပ်ပွေတာ၊ သစ္စာမရှိတာနဲ့ မတူပါဘူး (လူတိုင်းကို လိုက်ပြီးဖွင့်ပြောနေတာ မဟုတ်ဘူးလေ)။ ဖွင့်ပြောလိုက်လို့ တခြားတစ်ဖက်က လက်ခံတာ၊ လက်မခံတာ၊ ငြင်းတာ၊ မငြင်းတာက တစ်ပိုင်းပါ။ သူတို့ဘက်က ခံစားချက်ကို ဖွင့်ပြောတဲ့အခါ အထင်သေးတဲ့ မျက်လုံးတွေ၊ “မင်းလို အိနြေ္̔ဒမရှိတဲ့ မိန်းကလေးကို စိတ်မဝင်စားဘူး” ဆိုတဲ့ အမူအရာတွေ ကြောင့်သာ မိန်းကလေးတွေအနေနဲ့ ဖွင့်မပြောဘဲ ခံစားချက်တွေကို သိမ်းဆည်းထားရင်း လမ်းမှားတွေရောက်သွားတာ၊ ကိုယ်မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရတာတွေ ဖြစ်လာတာပါ။

တစ်ချိန်က ပညာရေး၊ အတတ်ပညာ၊ အသိပညာ မထွန်းကားတဲ့ အရင်ခတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက အိမ်မှုကိစ္စနိုင်နင်းတာ၊ အိမ်ထဲက အိမ်ပြင်မထွက်တာ၊ သုံးနှစ်သုံးမိုး အချိန်ယူစဉ်းစားတာ စတဲ့ တည်ကြည်မှုတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အခုခေတ်မှာတော့ မိန်းကလေးတွေရဲ့ တန်ဖိုး၊ တည်ကြည်မှုက အသိပညာ၊ အတတ်ပညာ၊ အကျင့်စာရိတ္တနဲ့ ထက်မြက်တာ၊ စိတ်ဓာတ်ခို်င်မာတာတွေ ပါလာပါပြီ။ တစ်နည်းအားဖြင့် ယောကျ်ားလေးတွေနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ခေတ်မှာ မိန်းကလေးတွေဘက်က စတင်ဖွင့်ပြောလာတဲ့ ခံစားချက်တွေကိုလည်း အလေးထားပေးသင့်လာပါပြီ။ အနည်းဆုံး ကိုယ်ကငြင်းမယ်ဆိုရင်တော့ လေးစားသမှုရှိတဲ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောပြပြီး ငြင်းလိုက်ပါ။ အထင်အမြင်သေးတဲ့ မျက်လုံးတွေ၊ အမူအရာတွေနဲ့ မငြင်းလိုက်ပါနဲ့။ ဒါက မိန်းကလေးတွေအတွက် အငြင်းခံရတာထက် နာကျင်ရစေမှာ ဖြစ်ပါတယ်။ 

-ဥဿာ

By:ArJun Malviya 14/11/2019

hii

You may also like

“စကားနည်းရန်စဲဆိုပြီး ငြိ်မ်ခံနေတော့မှာလား” In:Kawi Inspires, Life Hacks
0 0 0

ကြုံဖူးကြလား။ ထစ်ခနဲရှိလေသံမာမယ်ဆိုတဲ့သူတွေ။  ဒေါသကတော့ လူတိုင်းထွက်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်လေသံနဲ့ပြောလည်းရတဲ့ကိစ္စတွေမှာ လေသံမာမာနဲ့ပြောတတ်တဲ့သူတွေကို ဘယ်လိုဆက်ဆံကြမလဲ။ ပြန်အော်မှာလား? အမြဲပဲသည်းခံနေမှာလား?  တကယ်ကတော့ ကိုယ့်ဘက်ကချည်းအလျှော့ပေးနေတာ နည်းလမ်းမှန်မဟုတ်ပါဘူး။ လိုတာထက်ပိုပြီးဒေါသထွက်ပြတတ်ကြသူတွေကို ဘယ်လိုတုန့်ပြန်မလဲမပြောခင် သူတို့ဘာလို့ဒီလိုဖြစ်နေလဲဆိုတာ အရင်သိဖို့လိုပါတယ်။  လူတွေဘာလို့မလိုအပ်ပဲအော်ပြောကြလဲ??? တချို့က စိတ်ထွက်ပေါက်အနေနဲ့ အော်ပြောကြတယ်။ ဒါဟာတစ်နည်းအားဖြင့်သူတို့ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းတာကိုပြတာပါ။ တစ်နည်းအားဖြင့် စိတ်ရှုပ်လာတဲ့အချိန် အော်ပြောလိုက်ရင် စိတ်ပြေသွားတတ်ကြပါတယ်။ တချို့ကထိန်းချုပ်နိုင်စွမ်းအားနည်းလို့အော်ကြတာဖြစ်တယ်။ သူတို့ကတော့ စိတ်ခံစားချက်ပြင်းထန်တတ်ကြပြီး သိပ်ပြီးထိန်းချုပ်တတ်ကြတဲ့သူတွေမဟုတ်ပါဘူး။ လူရှေ့မရှောင်အော်တတ်ကြပြီး တော်ရုံဖျောင်းဖျမှုမျိုးကို လက်သင့်မခံတတ်ကြပါဘူး။ တချို့က သူတို့ကိုအာရုံစိုက်လာအောင်လို့ လေသံမာတတ်ကြတာပါ။ ကောင်းကောင်းမွန်မွန်ပြောနေရင်းကပဲ ရုတ်တရက်လေသံမြှင့်လိုက်တဲ့သူတွေကို တွေ့ဖူးတယ်မလား။ လူတွေကသူတို့ဆီကို တခြားသူတွေရဲ့အာရုံရောက်စေချင်ရင် လေသံမြှင့်လိုက်ခြင်းအားဖြင့်သူတို့ ပြောချင်တာကိုဆက်ပြောတတ်ကြပါတယ်။ တချို့က သင့်ကိုခြိမ်းခြောက်ချင်လို့အော်တတ်ကြတယ်။ လူအများစုက အော်ကြီးဟစ်ကျယ်ပြောရမှာ ရှက်တတ်ကြတယ်လေ။ ပြဿနာဖြစ်မှာကို ရှောင်ချင်ကြတယ်။ တချို့သူတွေက သူတို့ကအရင်စအော်လိုက်ခြင်းအားဖြင့် တစ်ဖက်လူကို သူတို့စိတ်ဆိုးနေပြီ ဆိုတာပြသတတ်ပါတယ်။ များသောအားဖြင့်ရန်ပြိုင်မဖြစ်ချင်တဲ့သူက အလျှော့ပေးတာမျိုးကို ခံချင်ကြလို့ပါ။ တချို့က သူတို့သင့်ကိုအနိုင်ရကြောင်းပြချင်ကြတယ်။ အများအမြင်မှာ အာဏာပြချင်တဲ့သူတွေကတော့ လူတစ်ဖက်သားကို မလိုအပ်ဘဲအော်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်သူတို့ကို တစ်ဖက်လူကကြောက်ရတယ်လို့ထင်သွားစေချင်တယ်လေ။ တချို့သူတွေက သူများဆီကအကျင့်ကူးလာတာပါ။ တစ်စိတ်ရှိအော်ဖို့ပဲ စဉ်းစားနေသူတွေရဲ့ပတ်ဝန်းကျင် ဒါမှမဟုတ် ငယ်ဘဝမှာ သူတို့နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ဒေါသကြီးသူတွေနဲ့ ပတ်သက်ဖူးကြပါတယ်။ အထူးသဖြင့်ကလေးတွေမှာပိုသိသာပါတယ်။ အမြဲဆူတတ် ဒေါသထွက်ပြတတ်တဲ့မိဘတွေနဲ့ နေခဲ့ရတဲ့ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း ဒေါသကြီးသူတွေ ဖြစ်လာတတ်ပါတယ်။ တချို့သူတွေက သူတို့အားနည်းတာကို ဖုုံးကွယ်ချင်လို့အော်ပြတတ်ကြတာပါ။ ကြောက်ကန် ကန်ပြီးအော်တာ၊ သူတို့ကလည်းမှားသေးတယ် သူတို့ကပဲအော်နေတယ်ဆိုတဲ့သူတွေဟာ ကိုယ့်အမှားကိုသူများအမှားအဖြစ် ထင်ရအောင်အရင်စပြီး လေသံမာတတ်ကြပါတယ်။ တကယ်ကတော့သူတို့ဟာ ကိုယ့်အမှားကို ဝန်ခံဖို့သတ္တိနည်းသူတွေဖြစ်နေတတ်ပါတယ်။  ဒီလိုလူမျိုးတွေနဲ့မလွှဲမရှောင်သာပတ်သက်နေရပြီဆိုရင်ဘယ်လိုတုန့်ပြန်ကြမလဲ??? အကောင်းဆုံးကတော့ သူတို့ကိုခဏလွှတ်ထားလိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ခေါင်းအေးအေးထားပြီး ပြဿနာအရင်းခံကိုစဉ်းစားပါ။ တစ်ဖက်လူရဲ့ ဒေါသကြောင့် သင့်စိတ်ကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။ သင်သိထားရမှာက သူတို့နဲ့ပြိုင်မငြင်းရင်ရပါပြီ။ သူတို့မှန်တယ်လို့တော့ မထောက်ခံပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့တကယ်မှန်တယ်ထင်သွားနိုင်ပါတယ်။ နောက်ပြီးသူတို့ဒီလိုအော်တာနဲ့ သင်အလျှော့ပေးပြီလို့ ယူဆသွားနိုင်လို့ပါ။ သူတို့ဒီလိုလေသံနဲ့မပြောသင့်ကြောင်း၊ ကောင်းကောင်းမွန်မွန်ဖြေရှင်းသင့်ကြောင်းပြောပါ။ မရရင်တော့ ခဏရှောင်နေလိုက်ပါ။ သွေးအေးသွားတဲ့အချိန်မှအေးအေးဆေးဆေးပြန်ဆွေးနွေးပါ။ သေချာတာတစ်ခုကတော့ သူတို့လိုလိုက်မအော်ပါနဲ့။ ကျွန်တော်ဆိုရင် ကျွန်တော့်အဖေနဲ့ အရင်ကအမြဲပြဿနာတက်တယ်။ သူတစ်ခုခုအလိုမကျရင် သူကလူကြားထဲမရှောင် အော်ပါတယ်။ လူငယ်ဘဝတုန်းကတော့ ကျွန်တော်တော်တော်ရှက်ပါတယ်။ သူအော်တာနဲ့ကျွန်တော်စိတ်ညစ်ပြီး အလျှော့ပေးလိုက်တာများတယ်။ တကယ်က ကျွန်တော်ကျေနပ်လို့ငြိမ်နေတာမဟုတ်တဲ့အတွက် ပြဿနာကပြီးသွားတယ်ထင်ရပေမယ့် ကျွန်တော်မကျေနပ်ပါဘူး။ နောက်တော့ဒါဟာ တကယ်အလုပ်မဖြစ်မှန်းသိလာတဲ့အခါမှာ ကျွန်တော်တတ်နိုင်သလောက် ပြန်ရှင်းပြဖြစ်ပါတယ်။ ဒေါသကြီးမြဲပေမယ့် သူကျွန်တော့်ဘက်ကို နားလည်တတ်လာတယ်။ ဒါပေမယ့်သူစိတ်ဆိုးတုန်းပြောတဲ့ စကားတွေကကျွန်တော့်ကို ခုထိနာကျင်စေဆဲပါ။ ကျွန်တော်ပြောချင်တာကတော့ သင်ဟာ ဒေါသထွက်လွယ်သူတစ်ယောက်ဆိုရင် ဒါသင့်အတွက်အော်ပြောနေကျဆိုပေမယ့် တစ်ဖက်လူအတွက်တော့ စိတ်နာစရာဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးအပြောခံရသူတွေအနေနဲ့လည်း ရန်မဖြစ်ရပြီးရောဆိုပြီးလက်ခံလိုက်တာထက် အခြေအနေအေးအေးဆေးဖြစ်တဲ့အထိစောင့်ပြီး ဖြေရှင်းကြပါလို့ပြောချင်ပါတယ်။ -Remy ...

By:Kawi 28/08/2019
မီတာခကို ဘယ်လိုချွေတာမလဲ? In: Kawi Inspires, Life Hacks
0 2 0

အိမ်မှာမိတာခ ဘယ်လောက်ဖြစ်သွားပြီလဲ?? မီတာခတွေလည်းတိုးကောက်လိုက်ပြီ၊ တိုးကောက်ပြီးပြီဆိုတော့ မီးကလည်းမှန်လာတော့မယ်။ ဒီတော့ မီတာခက တက်ပြီးရင်းတက်လာတော့မယ်ပေါ့နော်။ အရမ်းလည်း စိတ်မပျက်ပါနဲ့။ ပြန်ပြီးပြောင်းလဲလို့မရတော့မယ့် အရာတစ်ခုကို ညည်းနေတာထက်စာရင် ဒီအချက်တွေကို သတိထားလိုက်ရင် အနည်းနဲ့အများတော့ မီတာခ သက်သာသွားပါလိမ့်မယ်။  ၁။ ပလပ်ပေါက်တွေကို မသုံးရင်ပိတ်ဖို့ သတိရပါ။ ကိုယ့်အိမ်မှာရှိတဲ့ လျှပ်စစ်ပလပ်ပေါက်နဲ့ extension ပလပ်ပေါက်တွေအကုန်လုံးကို မသုံးသေးတဲ့အခါတွေမှာ ပါ၀ါခလုတ်ပိတ်ထားဖို့မမေ့ပါနဲ့။ ဒီလျှပ်စစ်ပလပ်ပေါက်တွေက ပါ၀ါခလုတ်ဖွင့်ထားရင် ကိုယ်သုံးသုံး မသုံးသုံး လျှပ်စစ်စီးနေတာကြောင့် မီတာခတွေအလိုလိုတိုးနေပါလိမ့်မယ်။ ၂။ အပြင်သွားတော့မယ်ဆိုရင် သတိတရနဲ့ မိန်းချခဲ့ပါ။ မနက်အလုပ်သွားတာတို့၊ နေ့ခင်းနေ့လည်အပြင်သွားတဲ့အခါ အိမ်မှာဘယ်သူမှမရှိတဲ့အချိန်တွေမှာ ဖြစ်နိုင်ရင်မိန်းချခဲ့ကြပါ။ ဒီလိုမျိုးမိန်းချခဲ့တာက ကိုယ်အိမ်မှာမရှိတဲ့အချိန်တွေမှာ လျှပ်စစ်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ မီးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် မီတာခအပိုတွေတက်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ ၃။ မီတာခသက်သာအောင် အဲကွန်းကို ဒီလိုဖွင့်ပါ။  လူတွေတော်တော်များများက အပြင်ကနေပြန်လာပြီးပူလို့ အဲကွန်းတွေစဖွင့်ရင် ချက်ချင်း မြန်မြန်အေးအောင်လို့ နံပါတ် (၁၆) ကိုတန်းပြီးဖွင့်ထားတတ်ကြတယ်။ ဒီလိုမျိုးလုပ်တာက အဲကွန်းကိုပိုပြီးရုန်းစေရတဲ့အတွက် မီတာလည်းပိုပြီးစားစေပါတယ်။ အဲဒါကြောင့် အဲကွန်းဖွင့်တဲ့အခါမှာ အအေးဆုံးနံပါတ်ကိုချက်ချင်းမဖွင့်ဘဲ (၂၅) လောက်ကနေစဖွင့်ပြီးမှ (၂၃၊ ၂၀၊ ၁၈) စသဖြင့် တဖြည်းဖြည်းပြောင်းကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ၄။ မီးချောင်းတွေလျှော့ဖွင့်ကြည့်ပါ။ နေ့ခင်းနေ့လည်လိုမျိုး နေအလင်းရောင်ရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အိမ်ကမီးချောင်းတွေကို မလိုအပ်ရင်ပိတ်ထားလိုက်ပါ။ အဲဒီလိုပဲ ညဘက်အိပ်တော့မယ်ဆိုရင်လည်း မီးချောင်းတွေ၊ မီးလုံးတွေကို ပိတ်ပြီးအိပ်ကြည့်ပါ။ ဒီလိုမျိုး မီးချောင်းတွေကို မလိုအပ်ဘဲမသုံးတာက ကိုယ့်အိမ်ကမီးချောင်းတွေရဲ့ သက်တမ်းကိုပိုရှည်စေမှာဖြစ်ပြီး မီတာခကိုလည်းအနည်းနဲ့အများတော့ ချွေတာနိုင်ပါတယ်။ ၅။ ကိုယ့်ရဲ့အိမ်က TV တွေကို တစ်ချက်တစ်ချက်အနားပေးလိုက်ပါ။ TV တွေကလည်း မီတာစားတဲ့လျှပ်စစ်ပစ္စည်းတွေဆိုတာ မေ့မထားသင့်ပါဘူး။ TV တွေကိုမကြည့်ဘဲဖွင့်ထားတာတွေ၊ ကြည့်ပြီးပိတ်ဖို့မေ့နေတာတွေက ကိုယ့်အိမ်ကမီတာခတွေကို တက်စေတဲ့အဓိကအကြောင်းအရင်းတစ်ခုပါ။ အဲဒါကြောင့် မီတာခတွေအရမ်းမတက်ချင်ရင်တော့ ကိုယ့်အိမ်က TV တွေကို သတိတရနဲ့ ပိတ်ဖို့မမေ့ပါနဲ့။ ၆။ ရေလျှော့သုံးပြီး လျှပ်စစ်ချွေတာကြည့်ပါ။ အိမ်မှာမျက်နှာသစ်၊ သွားတိုက်တာကအစ ရေချိုးတာ၊ အဝတ်လျှော်တာ စတဲ့အချိန်တွေမှာ ကိုယ်မသုံးသေးဘဲနဲ့ ရေတွေဖွင့်ထားတာက ရေကုန်မြန်စေတဲ့အတွက် ရေခဏခဏပြန်တင်စေရပါတယ်။ အဲဒါကြောင့် ကိုယ်သတိမထားမိဘဲ ရေတွေဖွင့်ထားမိတာကို တတ်နိုင်သလောက်လျှော့ပြီး ရေမော်တာတွေကနေကုန်မယ့် မီတာခတွေကိုလျှော့ချနိုင်သလို၊ ရေအလေအလွင့်ဖြစ်မှာကိုလည်း လျော့ချပေးနိုင်ပါတယ်။ ၇။ သင်တစ်နေ့ကိုဖုန်းအား ဘယ်နှစ်ခါသွင်းမှာလဲ? နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ဖုန်းကနေ Facebook အကြာကြီးကြည့်တာ၊ ဂိမ်းအရမ်းဆော့တာတွေက ဖုန်းအားကုန်မြန်စေပြီး ခဏခဏပြန်ပြန်အားသွင်းရတာတွေ ဖြစ်စေမှာပါ။ ဒီလိုမျိုး ခဏခဏပြန်ပြီးဖုန်းအားသွင်းရတာတွေကလည်း မီတာခတက်စေတဲ့အထဲ အနည်းနဲ့အများတော့ပါ၀င်နေပါတယ်။ အဲဒါကြောင့် ဖုန်းသုံးတာလေးနည်းနည်းလောက်လျှော့ပြီး မီတာခကိုချွေတာကြည့်ကြည့်လိုက်ပါ။   -Na Na (2.9.2019) ...

By:Kawi 02/09/2019

Liked

Back to Top