Loading...

Home Kawi Eats Kawi Inspires
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုဆိုတာ ဘာလို့အရေးကြီးတာလဲ??? In:Inspiration/Aspiration/Motivation, Kawi Inspires
1 1 2

အားလုံးပဲ မင်္ဂလာပါ။ အပတ်စဉ် အင်္ဂါနေ့တိုင်းတင်ဆက်ပေးနေတဲ့ Eileen’s Corner ကနေကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ မျှဝေပေးချင်တာက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဘာကြောင့်လိုအပ်လဲ? ဘာလို့အရေးကြီးလဲ? ဆိုတဲ့ အကြောင်း Eileen ရေးထားတာလေးကို မျှဝေပေးချင်ပါတယ်။ အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ မိသားစုမှာဖြစ်ဖြစ် အပြန်အလှန်လေးစားမှုက ဘယ်လိုအရေးပါတဲ့အကြောင်းကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်…

ကျွန်မကို အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ၊ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာမျိုးတွေ မကြာခဏမေးလေ့ရှိကြပါတယ်။ ဒီအကြောင်းအရာလေးထဲမှာတော့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုကိုယ် Professional ကျအောင်ဘယ်လိုနေထိုင်ရမလဲ၊ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲ၊ အသင်းအဖွဲ့အလိုက် အောင်မြင်မှုတွေရအောင်ဘယ်လိုလုပ်မလဲ၊ Mutual Respect ဆိုတဲ့ အပြန်အလှန်လေးစားမှုတွေဘယ်လိုထားရမလဲ စတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးထားပါတယ်။

ကျောင်းသားတစ်ယောက်က ကျွန်မကိုမေးလာပါတယ်။ အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်အောင် အဖွဲ့သားတွေအချင်းချင်း ဘယ်လိုစည်းလုံးမှုတွေ အခြေခံအုတ်မြစ်တွေတည်ဆောက်ရမလဲဆိုတာကိုပေါ့။ ကျွန်မရဲ့အမြင်ကိုပြောရရင်တော့ အလုပ်မှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတစ်ခုမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး လေးစားမှုဟာအရမ်း အရေးပါတယ်လို့မြင်ပါတယ်။ အဲ့ဒီလူဟာ ကိုယ်နဲ့၃နှစ်ကြာ သူငယ်ချင်းဖြစ်ခဲ့တဲ့လူဖြစ်နိုင်တယ်၊ ကိုယ်နဲ့ပေါတောတော စလိုက်နောက်လိုက် လုပ်လေ့ရှိတဲ့လူ ဖြစ်နိုင်တယ်၊ ကိုယ့်ထက်အများကြီးငယ်တဲ့လူဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်ဆိုတာနဲ့ အဲ့ဒီအရာတွေကို ခဏဘေးဖယ်ထားပြီး တစ်ဦးနဲ့တစ်ဦး ဆက်ဆံပြောဆိုတဲ့အခါမှာ အချင်းချင်းလေးစားမှုလေးနဲ့ ဆက်ဆံဖို့လိုပါတယ်။ အလုပ်ကအလုပ်၊ ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေး သက်သက်ပါ။ ရှင်းပါတယ်။ ကျွန်မအလုပ်မှာ ဒီအကြောင်းအရာနဲ့ဆိုင်တဲ့ အဖြစ်အပျက်လေးတွေမကြာခဏဆိုသလိုတွေ့ရပါတယ်။ ဥပမာ…အစည်းအဝေးတစ်ခုမှာ တစ်ယောက်က အားတက်သရော နဲ့လေးနက်စွာဆွေးနွေးနေတဲ့အချိန်မှာ အဖွဲ့ထဲက တစ်ယောက်က ကောင်းကောင်းနားမထောင်ဘဲ ကလေးတွေလိုမျိုးလျှောက်နောက်နေတာမျိုး ဒါမှမဟုတ် သူတို့ရဲ့အလုပ်၊တာဝန်သာ အရေးအကြီးဆုံးလို့မှတ်ယူပြီး သူတို့ပြောချင်တာကိုသာရှေ့တန်းတင်ပြောပြီး တခြားလူပြောတာတွေကိုနားမထောင်တာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးတွေဟာ အဖွဲ့တစ်ခုလုံးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေပြီး အသင်းအဖွဲ့တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုသာမကပဲ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကိုပါ နှောင့်နှေးစေပါတယ်။

ကျွန်မက ဆရာမကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မမှာ ဘဝကပေးတဲ့ သင်ခန်းစာတွေ၊အတွေ့အကြုံတွေ၊ ခက်ခဲမှုတွေကို နှစ်ပေါင်းများစွာ ကျွန်မကိုယ်တိုင်ဖြတ်သန်းကျော်လွှားခဲ့ပါတယ်။ (နှစ်ပေါင်းများစွာ ဆိုလို့ ကျွန်မက အသက်ကြီးနေပြီလို့ပြောတာမဟုတ်ဘူးနော်! နှစ်ပေါင်းများစွာဖြတ်သန်းပြီးတာတောင်မှ ကျွန်မကအရမ်းငယ်သေးတယ်လေ 😝😝😝LOLOLOL) ကျွန်မရဲ့အတွေ့အကြုံတွေအရပြောရရင်တော့ အခြေခံအုတ်မြစ်ကောင်းကောင်းနဲ့ စည်းလုံးညီညွှတ်ပြီး အောင်မြင်တဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ချင်ရင်တော့ အဖွဲ့ဝင်တိုင်းဟာ…

၁။ ပထမကတော့ professional ဆန်တဲ့အပြုအမှုဆိုတာဘာလဲဆိုတာကို နားလည်ရမယ်။ ဒုတိယကတော့ သူတို့ professionalism ဆိုတာကို ကောင်းစွာနားလည်သဘောပေါက်ပြီးရင် professional တစ်ယောက်လိုပြုမူလာလိမ့်မယ်( တကယ်ပါ… အလုပ်မှာ ကျွန်မကလေးတစ်ယောက်လို ဝုန်းတိုင်းကြဲပြီးလုပ်ချင်ရာလုပ်သွားချင်စိတ်က ခဏခဏပေါ်ချက်ပဲ! ဒါပေမဲ့ကျွန်မ မလုပ်ခဲ့ပါဘူး…ဒါဟာ professional တစ်ယောက်လိုမျိုးပြုမူတာပါ၊ ကျွန်မရဲ့စိတ်ကူးထဲမှာတော့ သောင်းကြမ်းပစ်ခဲ့တာပေါ့)

၂။ ကောင်းမွန်စွာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံပါ။ ကျွန်မရဲ့တစ်ကိုယ်ထဲအမြင်ကတော့ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့နေရာမှာ ကြီးမားတဲ့ ပြဿနာတစ်ခုရှိတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ပြောဆိုဆက်သွယ်တဲ့အချိန်မှာ ရှင်းလင်းပြတ်သားတိကျမှုမရှိလို့ပါ။ အသေးစိတ်ကိုထည့်မပြောကြဘူးလေ။ အရာရာကို သေချာရှင်းလင်းအောင်မလုပ်… သေချာအောင်မလုပ်ကြဘူးလေ။ ယူဆချက်တွေများစွာနဲ့ပဲ အလုပ်လုပ်ကြတယ်။ တစ်ဖက်မှာတော့ ဆက်သွယ်ပြောဆိုရာမှာအရမ်းအပြောလွန်ပြီး တစ်ခြားလူကိုရှုပ်ထွေးမှုတွေဖြစ်စေတတ်တယ်။ အဖွဲ့သားတွေအကုန် တစ်နေရာတည်း ရောက်နေစေချင်ရင်တော့ ဒီပြောဆိုဆက်သွယ်မှုဆိုတဲ့ communication ကိုလေ့လာသင်ယူတတ်မြောက်ရမှာကတော့ အဓိကပါပဲ။

၃။ ကျွန်မ SoyAi ဆိုတဲ့ လုပ်ငန်းစစချင်းတုန်းက ပြဿနာတွေအများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့သူတို့က အချင်းချင်းလုံးဝကို ပြောဆိုဆက်သွယ်မှု မလုပ်ကြဘူး၊ အချင်းချင်းသူငယ်ချင်းတွေဖြစ်တော့ ပြောဖို့ဆိုဖို့အားနာကြတယ်လေ… ဒီတိုင်းဘာမှမပြောဘဲနေကြတယ်။ အဲ့တော့အဖွဲ့က ရင်းနှီးမှုတွေလည်းမရှိတော့ဘူးပေါ့။ တကယ်တမ်းပြောရင် သူတို့အတူတူနေခဲ့တာတောင်မှ စိတ်ချင်းကတော့ အဝေးကြီးဆိုသလိုဖြစ်ခဲ့ပါတယ်။ အသင်းအဖွဲ့ team ဆိုတာဘယ်လိုမျိုးလဲ? “You start as a team, you die as a team.” အသင်းအဖွဲ့အနေနဲ့စခဲ့ရင် အသင်းအဖွဲ့အနေနဲ့ပဲ ကုန်ဆုံးရမယ်တဲ့။ တစ်ဦးနဲ့တစ်ဦး လေးစားမှု၊ ကောင်းမွန်ပွင့်လင်းစွာပြောဆိုဆက်ဆံမှု နဲ့မျှဝေမှုတွေဟာ အသင်းအဖွဲ့တိုင်းရဲ့ တိုးတက်ကြီးထွားမှု အခြေခံအုတ်မြစ်တွေကို တည်ဆောက်ဖို့မရှိမဖြစ်လိုအပ်တာတွေပါပဲ။ There is no “I” in TEAM.

အသင်းအဖွဲ့မှာ “I” (ငါ) ဆိုတဲ့ စကားလုံးမရှိပါဘူး။ အဖွဲ့လိုက် (We) ဆိုတာပဲရှိပါတယ်။ အဖွဲ့လိုက် တိုးတက်ကြီးထွားတယ်… အဖွဲ့လိုက်အောင်မြင်မှုတွေရယူတယ်…အဖွဲ့လိုက် ရင့်ကျက်တယ်… ကျွန်မတို့ရဲ့အသင်းအဖွဲ့တွေမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု ဓလေ့ကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အဖွဲ့မှာတင် မဟုတ်ပါဘူး… ကျွန်မတို့နေ့စဉ်ပြုမူနေထိုင်မှုတိုင်းမှာပါ ကျင့်သုံးသင့်ပါတယ်။ 

ဒါကတော့ Eileen မျှဝေပေးသွားတဲ့ အပြန်အလှန် လေးစားမှုအကြောင်းပဲ ဖြစ်ပါတယ်။ သင်တို့ရော ဘယ်လိုမျိုး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုထားကြလဲဆိုတာ အတွေ့အကြုံလေးတွေရှိရင် မျှဝေခဲ့ကြဦးနော်…

By:Igbekele Olaoluwa 16/10/2019

那很好

By:Igbekele Olaoluwa 16/10/2019

那很好

You may also like

စချော့တယ်ဆိုတာပိုချစ်လို့ပါ In:Kawi Inspires, relationship
1 1 0

အိမ်ထောင်သက်တမ်းကြာတဲ့လူတွေ၊ အရမ်းကိုရင့်ကျက်ပြီးစိတ်ထားတတ်တဲ့ သူတွေတော့ ဘယ်လိုနေလဲမသိဘူး။ အတွဲတော်တော်များများမှာတော့ ရန်ဖြစ်ပြီ၊ စိတ်ကောက်ပြီဆိုရင် အတော်ကိုနေရခက်တာပါ။ ရန်ဖြစ်တာကတော်သေးတယ် … ဘာကိုကောက်မှန်းမသိ ကောက်နေပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူးလေ။ ဒီလိုမျိုးအခြေအနေမှာ စိတ်ကောက်နေတဲ့ချစ်သူကို သူဘာသူစိတ်ပြေတဲ့အထိ ထားသင့်လား ကိုယ်ပဲစချော့ရမှာလားဆိုတာ ပြဿနာပါ။ မိန်းကလေးတွေ… အဲ မိန်းကလေးတွေက စိတ်ကောက်တတ်တာပိုများတယ်လို့ ကျွန်တော်ထင်လို့ပါ။ တကယ်က ယောက်ျားလေးတွေလည်း ကောက်တတ်ပါတယ်။ ကွျွန်တော်တို့က စိတ်ကောက်ပြရမှာရှက်တယ်လေ။ ပြီးတော့ မိန်းကလေးတွေက သူတိို့သာစိတ်ကောက်ကြတာ … ကျွန်တော်တို့ကောက်ရင်ကျ မသိချင်ယောင်ဆောင်နေကြတယ်ဗျ။ လူလည်တွေ။ Relationship တစ်ခုမှာ တစ်ယောက်ယောက်ကစိတ်ကောက်နေပြီဆို ကတည်းက အထစ်အငေါ့ဖြစ်သွားတာပါ။ ဘယ်သူမှ စိတ်ဖြောင့်ဖြောင့်မနေနိုင်ဘူးလေ။ စိတ်ကောက်နေတဲ့သူကလည်း ကျိတ်ကောက်၊ တစ်ဘက်လူကလည်း နေမရထိုင်မရ။ ဒီမှာ ကျွန်တော်ပြောချင်တာကတော့ ဘယ်အရာမှ အစွန်းရောက်တာမကောင်းပါဘူးဆိုတာပါ။  ယောက်ျားလေးတွေတော်တော်များများက စချော့လေ့ရှိကြတယ်။ ဖုန်းစဆက်တယ်၊ စခေါ်တယ် ဆိုတာမျိုးပေါ့။ ခက်တာကမိန်းကလေးတွေက အဲဒါကိုချော့တယ်လို့ မမြင်ကြဘူးလေ။ ၁။ တစ်ဖက်လူရဲ့အားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ လူတွေက အသည်းအသန်တောင်းပန်တာ … လိုက်ချော့တာမျိုးကိုမှချော့တယ်ထင်ကြလို့ပါ။ တကယ်က တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲနေတဲ့ အခြေအနေမှာ တစ်ယောက်ယောက်က စခေါ်တယ်ဆိုရင် ဒါဟာ သူ့မာနကို ခဏဘေးဖယ်လိုက်တာပါ။ ဒါကိုတစ်ဖက်လူက တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ကောင်လေးက စခေါ်တဲ့အချိန်မှာ ကောင်မလေးကသာ အကြီးအကျယ်ဆက်စိတ်ကောက်နေမယ်၊ သေချာလည်း ဖြေရှင်းတာမျိုးမရှိဘူး ဆိုရင်သေချာပါတယ်။ ရေရှည်မှာမကောင်းပါဘူး။ တစ်ဖက်လူက ကိုယ့်ကိုဖြေရှင်းဖို့ကြိုးစားနေတယ်… ကိုယ်စိတ်ညစ်နေမှာသူမမြင်ချင်လို့၊ ကိုယ့်ကိုသတိရလို့ စခေါ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း အသိအမှတ်ပြုဖို့လိုပါတယ်။  ၂။ အကြောင်းရင်းကို အတူဖြေရှင်းပါ။ စိတ်မပြေချင်ဘူးဆိုရင်တောင် တစ်ဖက်လူကို ကိုယ်ဘာလို့စိတ်ဆိုးနေလည်းဆိုတာ ပြောပြပြီး သူ့ကိုဖြေရှင်းခွင့်တော့ ပေးသင့်ပါတယ်။ လူတိုင်းက ချစ်လို့အရှုံးပေးတာပဲရှိပါတယ် … ဒါကို ဆက်တိုက်အနိုင်ယူနေမယ်ဆိုရင်တော့ လူတိုင်းမှာ သည်းခံတဲ့ limit ဆိုတာရှိတယ်လေနော်။ ကျွန်တော်ကတော့ ကျွန်တော့်ကောင်မလေး စိတ်ကောက်သွားရင် အရင်စခေါ်လေ့ ရှိတယ်။ မိ်န်းကလေးတွေက အားငယ်တတ်ကြတယ်ထင်တာရယ်၊ သူတစ်ယောက်တည်း စိတ်ညစ်နေတာမဖြစ်စေချင်လို့ပါ။နောက်တစ်ချက်က ကျွန်တော်တို့အတူ တိုင်ပင်ဖြေရှင်းလို့ရတဲ့ ကိစ္စတွေကို silent war နဲ့အဆုံးမသတ်စေချင်လို့ပါ။ ဒါဆိုရင် မချော့ပဲထားလိုက်ရင်ရော… ?“If our love is insanity, why are you my clarity?” ဆိုတဲ့ Zedd နဲ့ fox ရဲ့  clarity ဆိုတဲ့သီချင်းကို သိကြမလားမသိဘူး။ ကျွန်တော်ကတော့ အဲဒီသီချင်းရဲ့ chorus  ပိုဒ်လေးကိုကြားတိုင်းပြုံးမိတယ်။ အဲဒီ သီချင်းစာသားလိုပါပဲ …. ဒီလူနဲ့ အဆင်မပြေလို့ ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်နေရင် ဒီလူနဲ့ အဆင်ပြေမှပဲ ကျွန်တော့်စိတ်က ကြည်လင်မှာမို့လို့ပါ။ ဒီလိုနဲဲ့ပဲ သူကျွန်တော့်ကိုစိတ်ကောက်ရင် ကျွန်တော်ပဲစခေါ်လေ့ရှိတယ်။ ဒါ ချော့တာမဟုတ်ဘူးလို့ သူထင်ရင်ထင်နေမယ်။ တစ်ရက်တော့သူပြောလာလို့ ကျွန်တော်ပြန်ပြောလိုက်တယ် … “မင်းတောင်စခေါ်နို်င်လို့လား”လို့။ သူခဏငြိမ်သွားတယ်။ ကျွန်တော်ဆက်ပြောလိုက်တယ် “မင်းမလုပ်နို်င်တဲ့ အရာကိုကိုယ်အမြဲလုပ်နေတယ်ဆိုတာ မမေ့ပါနဲ့”လို့။  တကယ်တော့ ဘဝကရှင်းရှင်းလေးပါ။ လူတိုင်းမှာမာန ရှိပါတယ် … ဒါပေမယ့် သတိရတယ်မလား … စခေါ်လိုက်ပါ ကိုယ်မှားနေရင် တောင်းပန်ဖို့ဝန်မလေးပါနဲ့ ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားပါ…. ဒီလောက်ဆိုရင်ရပြီပေါ့ဗျာ။ -Remy ...

By:Kawi 02/08/2019
“လူငယ်တစ်ယောက်နဲ့ရွေးချယ်မှု” In: Inspiration/Aspiration/Motivation, Kawi Inspires
0 0 0

အခုခေတ် လူငယ်တော်တော်များများတွေ့ ကြုံရတာက ဘယ်လို အလုပ်မျိုးကိုလုပ်မလဲ ဘာတွေလိုအပ်လဲစသဖြင့် ရှေ့ဆက်ရမယ့် ဘဝအတွက် ဆုံးဖြတ်ရခက်နေတာပါ။ လမ်းကြောင်းပီပီပြင်ပြင်မရှိသေးတဲ့အချိန်မှာ ကိုယ့်လမ်းကိုဖောက်ရတာမလွယ်တဲ့အလုပ်တစ်ခုပါ။ လူငယ်တွေမှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်စေဖို့အတွက် The Fit Slay Queens ရဲ့  member တစ်ဦးဖြစ်တဲ့ရတနာရွှေစင်က သူမရဲ့ ပညာရေး နဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးဘယ်လိုရွေးချယ်မှုတွေလုပ်ခဲဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို အခုလိုပြောပြထားပါတယ်။ သူမဟာ လက်ရှိမှာ The Pink Sun Marketing Agency and Media Entertainment Company ရဲ့ Account Head တစ်ဦးအဖြစ်တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။ ရတနာတစ်ယောက် ဘယ်လိုအကြံတွေပေးထားလည်းဆိုတာ ဖတ်ကြည့်လိုက်ပါနော်။  ရတနာတို့တွေ အကုန်လုံးနေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရတယ်လေ။ ဘယ်လိုရွေးချယ်မှုတွေပဲလုပ်လုပ် ကိုယ့်တာဝန်ကိုယ်ယူနိုင်ဖို့အရေးကြီးပါတယ်။  ရတနာ ငယ်ငယ်လေးကတည်းက ရတနာဖြစ်ချင်တာ၊ ဝါသနာပါတာကို သိတော့ ဆုံးဖြတ်ချက်တွေချရတာပိုလွယ်ကူတယ်ပြောရပါမယ်။  ရတနာက တစ်ခုခုကို အမြဲ learn လုပ်နေရတာသဘောကျတယ်။ ဆယ်တန်းပြီးပြီးချင်း ရတနာသင်တန်းတစ်ခုခု တက်ချင်တယ်ဆိုတော့ ကိုယ်ဘာကိုဝါသနာပါလဲဆိုတာစတွေးရတယ်။ ငါစီးပွားရေးလုပ်ချင်တယ်ဆိုတာတော့ တွေးမိတယ်။ အဲဒါနဲ့ ပါးပါးက ရတနာ့ကို Wise College မှာ ABE diploma course ကိုလိုက်အပ်ပေးတယ်။  အဲ့တုန်းက ABE ကမြန်မာပြည်မှာ သိပ်ခေတ်မစားသေးဘူး။ တက္ကသိုလ်စတက်တော့ ရတနာ တက်ချင်တဲ့ BBM ကျောင်းကအမှတ်မမှီဘူး။ အဲဒါနဲ့ University of Information Technology (UIT) တက္ကသိုလ်တက်ဖြစ်တယ်။ Second year လောက်မှာ ABE higher diploma ရတယ်။ Third year မှာ ABE Graduate Diploma ထပ်ရပါတယ်။ တတိယနှစ်မှာ ရတနာအလုပ်လုပ်ချင်တော့ အိမ်ကအလုပ်မှာဝင်ကူဖြစ်တယ်။ အချိန်ပိုင်းဝင်ကူတာ ဆိုပေမယ့် အတွေ့အကြုံ အများကြီးရတယ်။ စာတွေ့နဲ့ လက်တွေ့ ကွာခြားချက်တွေကို သင်ယူခွင့်ရခဲ့တယ်။ အိမ်စီးပွားရေးမှာ ဝင်လုပ်တော့ တချို့နေရာတွေမှာ ကိုယ်လုပ်ချင်တာနဲ့ အိ်မ်နဲ့သဘောထားမတူတာတွေ ရှိတယ်ပေါ့နော်။  အဲဒီတော့ရတနာ ဆက်မလုပ်ဖြစ်တော့ဘူး။ Final year မှာ ကျောင်းကလွှတ်တဲ့ IT company တစ်ခုမှာ intern ဆင်းရတယ်။ Intern ဆိုတော့ ပထမတစ်လလောက်က ဘာမှထွေထွေထူးထူးမလုပ်ရဘူး။ ရတနာ အလုပ်လုပ်ချင်တော့ ရသမျှ project တွေ တောင်းလုပ်ပေးတယ်။ တစ်ချိန်ထဲမှာပဲ အခုုလုပ်နေတဲ့ The Pink Sun Company မှာ part time အနေနဲ့ ဝင်လုပ်တယ်။ ကျောင်းပြီးတဲ့အချိန်မှာ ရတနာ intern ဆင်းတဲ့ company က အမြဲတမ်း ဝန်ထမ်းလုပ်မလားဆိုပြီး ကမ်းလှမ်းလာတယ်။ အဲဒီမှာရတနာစဉ်းစားရတာက ဘယ်မှာလုပ်မလဲဆိုတာပဲ။ ဘာလို့လဲဆိုတော့ ရတနာ သင်ယူချင်တာတွေရှိတာရယ်၊ start-up company တစ်ခုအနေနဲ့ challenge တွေရင်ဆိုင်ချင်တာကြောင့် လက်ရှိအလုပ်ကိုပဲရွေးချယ်ဖြစ်ခဲ့တယ်။  ရတနာ အနေနဲ့ ရွေးချယ်ရခက်ခဲ့တာကတော့ သူများတွေ ကျောင်းတက်လိုက် intern ဆင်းလိုက်လုပ်နေတဲ့ အချိန်မှာ The Pink Sun မှာ part time လုပ်ဖို့စဉ်းစားတဲ့အချိန်ပါပဲ။ Digital Marketing ဆိုတာသေချာ မသိသေးခင်မှာ ဘာကိုရွေးချယ်ရမှန်းမသိခဲ့ဘူးလေ။ နောက်တော့ ရတနာ သိလာတာက ငါဒီလိုအေးအေးဆေးဆေး အလိုက်သင့်မနေချင်ဘူး ဆိုတာပါပဲ။ အဲဒီတော့ ရတနာ လုပ်သင့်တယ်ထင်တာကို ရွေးချယ်ခဲ့ပါတယ်။ အထူးသဖြင့်ရတနာတို့လိုကျောင်းပြီးစ ဘာကိုရွေးချယ်ရမှန်းမသိတဲ့လူငယ်တွေကို ရတနာပြောချင်တာက မှန်တာ၊မှားတာထက် ကိုယ်ဖြစ်ချင်တာကို ကိုယ်သိဖို့အရေးကြီးပါတယ်။ မသိသေးဘူးဆိုသူတွေအတွက်ကတော့ အကုန်လုံးကို သိချင်စိတ်နဲ့လေ့လာကြည့်စေချင်ပါတယ်။ ဘာမှမလုပ်လို့ဘာမှမသိဘူးဆိုတာထက် တစ်ခုခုကို လုပ်ဖြစ်နေတယ်ဆိုရင် ကိုယ်ဘာကိုစိတ်ဝင်စားလဲ ကိုယ်ဘယ်နေရာမှာ ပါရမီရှိလဲဆိုတာ ပိုသိလာမယ်လို့မြင်ပါတယ်။ ရတနာလား …. ရတနာ့ဝါသနာကတော့ အလုပ်လုပ်ရတာကြိုက်တယ်၊ တစ်ချိန်ထဲမှာ အလုပ်နှစ်ခုသုံးခုကို manage လုပ်ရတာကြိုက်တယ်၊ နောက်ပြီးတော့ stress တွေတက်လာရင် ညည်းရတာလည်းကြိုက်တယ်။ ( ဒီထဲမှာထည့်မရေးထားတာကတော့ ရတနာရွှေစင် တစ်ယောက် bubble tea လည်းအရမ်းကြိုက်ကြောင်းပါ 😛 ) “ကိုယ်ဖြစ်ချင်တာကိုမသိသေးရင် ကိုယ်မဖြစ်ချင်တဲ့အရာတွေဆီက အရင်ရုန်းထွက်လိုက်ပါ” ...

By:Kawi 07/08/2019

Liked

Back to Top