Loading...

Home Kawi Eats Kawi Inspires
မိုးခိုဖို့ကောင်းတဲ့ ကော်ဖီဆိုင်ကောင်းကောင်းလေးများ In:Kawi Eats, Theme Restaurant
1 4 0

မိုးက အစိုးမရပါဘူး(ကိုယ့်ချစ်သူလိုပါနော်)။ အပြင်သွားနေတုန်း ဘယ်လိုအချိန်မှာ မိုးရွာလာမလဲဆိုတာ မသိနိုင်တဲ့အတွက် မိုးခိုစရာနေရာလေးတွေ သိထားရင် ပိုပြီးတော့မကောင်းဘူးလား? အဲဒါကြောင့် အပြင်သွားတုန်းသွားခိုက် မိုးတွေရွာခဲ့တဲ့အခါ မိုးခိုရင်း ကော်ဖီကောင်းကောင်းလေးတစ်ခွက်အပြင် နေရာထူးထူးဆန်းဆန်းလေးတွေမှာ ဓာတ်ဖမ်းနိုင်တဲ့အတွက် မိုးရှောင်ဖို့အကောင်းဆုံးနေရာလေးတွေကို ကဝိကနေ ပြောပြပေးမယ်နော်! ၁) The Plant House Café ဒီ The Plant House Café မှာတော့ ကော်ဖီကောင်းကောင်းလေးတွေသာမကပဲ သဘာဝစိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ စာအုပ်စင်လေးတွေကိုပါတွေ့ရမှာပါ။ အဲဒါကြောင့် မိုးရာသီမှာ တစ်ယောက်ထဲအေးအေးဆေးဆေးနဲ့ ကော်ဖီသောက်ရင်း စာအုပ်လေးတွေဖတ်တာပဲဖြစ်ဖြစ်၊ အပင်လှလှလေးတွေ၊ ကော်ဖီကောင်းကောင်းလေးတွေနဲ့  ဓာတ်ဖမ်းချင်တာပဲဖြစ်ဖြစ် ဒီကော်ဖီဆိုင်လေးကတော့ သွားဖို့သင့်တော်တဲ့ဆိုင်တစ်ဆိုင် လို့ပြောရင်မမှားလောက်ပါဘူး။ The Plant House Café ကတော့ အမှတ် (၃၃) ညောင်တုန်းလမ်း၊ စမ်းချောင်းမြို့နယ်မှာ ရှိတာပဲဖြစ်ပါတယ်။ …………………………………………………………………………………………………. ၂) My House Café Yangon ဒီကော်ဖီဆိုင်လေးကတော့ ကော်ဖီကောင်းကောင်းလေးတွေအပြင် ထိုင်းအစားအစာတွေ၊ လတ်ဆတ်တဲ့အသီးဖျော်ရည်တွေနဲ့ အခြားအစားအသောက်တွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် ထိုင်းအစားအစာတွေစားပြီး ကော်ဖီကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင်တော့ အမှတ်(၅၇)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ My House Café Yangon ကိုသွားကြည့်ကြဖို့ လက်တို့လိုက်ပါတယ်နော်။ …………………………………………………………………………………………………. ၃) Innwa Books & Café ဒီဆိုင်လေးက စာအုပ်ကိုရောကော်ဖီကိုပါ ချစ်တဲ့သူတော်တော်များများ ရောက်ဖြစ်ကြတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ မြန်မာပလာဇာ ဒုတိယအထပ်မှာရှိတဲ့ ဒီ Innwa Books & Café မှာတော့ ကော်ဖီသောက်ရင်း မိမိတို့ကြိုက်တဲ့ စာအုပ်တွေဖတ်နိုင်သလို စာအုပ်လေးတွေနဲ့ ခပ်မိုက်မိုက်လေး ဓာတ်ဖမ်းလို့လည်းရတယ်လေ။ ဒါနဲ့ ဒီဆိုင်လေးကပိတ်ရက်တွေမှာ လူအရမ်းများတတ်တာကိုလည်း သတိရဖို့မမေ့ပါနဲ့နော်။ …………………………………………………………………………………………………. ၄) Easy Café ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမှာရှိတဲ့ Easy Café ကဆိုရင်တော့ ထိုင်လို့လည်းကောင်းပြီး အစားအစာတွေကလည်း အရမ်းအရသာရှိတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ သီချင်းကောင်းကောင်းလေးတွေနဲ့ Wifi လည်းရတယ်ဆိုတော့ မိုးရာသီအေးအေးလေးမှာ မိုးခိုရင်း chill လုပ်ဖို့တော်တော်လေးကောင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်လေးပေါ့။ …………………………………………………………………………………………………. ၅) Café Genius ဒီကော်ဖီဆိုင်လေးကတော့ တခြားကော်ဖီဆိုင်တွေ တော်တော်များများနဲ့မတူပဲ ထူးခြားမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင်ထုတ်လုပ်တဲ့ ကော်ဖီစေ့တွေကိုပဲ ဆိုင်မှာကြိတ်ပြီးပြန်ဖျော်တဲ့  ကော်ဖီဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီ Local Product ကိုသာသုံးတဲ့ကော်ဖီဆိုင်လေးမှာ အရသာရှိတဲ့ကော်ဖီအပြင် သူတို့ကိုယ်တိုင်လုပ်တဲ့ Croissant, chocolate croissant, raspberry Danish, cake, cupcake အစရှိတဲ့ မုန့်မျိုးစုံကိုလည်းရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် (၂၂၀)၊ ၃၁ လမ်းအပေါ်ဘလောက်၊ ပန်းပဲတန်းမြို့နယ်မှာပဲဖြစ်ပါတယ်။ …………………………………………………………………………………………………. ၆) Chinatown 125 Café ဒီဆိုင်လေးကလည်း မြန်မာနိုင်ငံမှာ ပထမဆုံး China Theme လိုမျိုးပြင်ဆင်ထားတဲ့  ကော်ဖီဆိုင်လေး တစ်ခုပဲဖြစ်ပါတယ်။ Chinatown 125 Café ကိုတော့ လူစည်ကားတဲ့ China Town ၁၉လမ်းမှာဖွင့်ထားတာပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာ အတွင်းရောအပြင်ပါ China Theme ပုံစံပြင်ဆင်ထားတာကို တွေ့ရမှာဖြစ်ပြီး ကော်ဖီမျိုးစုံအပြင် Asian အစားအစာအစုံကိုပါ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် အစားဆန်းဆန်းလေးတွေ၊ ကော်ဖီကောင်းကောင်းလေးတွေ သောက်ရင်း ဓာတ်ပုံရိုက်ဖို့ အရမ်းမိုက်တဲ့ဆိုင်မို့ သွားကြည့်ဖိို့အတွက် recommend ပေးလိုက်ပါတယ်နော်။ …………………………………………………………………………………………………. ၇) Freedom Café San Chaung ဒီတိုင်းကြီးကော်ဖီသောက်ရတာ ပျင်းနေပြီလား? အဲဒါဆိုရင်တော့ အမှတ်(၈၁)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ် မှာရှိတဲ့ Freedom Café San Chaung ကိုသွားဖို့ တိုက်တွန်းပါရစေ။  ဒီဆိုင်မှာတော့ ကော်ဖီသောက်ရင်း ချစ်ဖို့ကောင်းတဲ့ခွေးတွေနဲ့ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ မိမိတို့ကြိုက်တဲ့ ခွေးလေးတွေနဲ့လည်း ဓာတ်ဖမ်းလို့လည်းရတဲ့အတွက် ဒီဆိုင်လေးက  သွားသင့်တဲ့ဆိုင်လေးတွေ ထဲကတစ်ခုဖြစ်ပါတယ်။ …………………………………………………………………………………………………. ၈) Yangon Language Café ထူးထူးဆန်းဆန်းလေးတွေကိုမှ ကြိုက်တတ်ကြတဲ့သူတွေအတွက် စိတ်ဖိစီးနေတာတွေ ဖြေဖျောက်ရင်း တခြားဘာသာစကားတွေကို သင်ယူနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ Yangon Language Café ရှိပါတယ်။ ဒီဆိုင်လေးကို လမ်းမတော် ၅လမ်း၊ အောက်ဘလောက်မှာ ဖွင့်ထားတာပဲဖြစ်ပါတယ်။    အပြင်မှာမိုးတွေရွာနေတုန်း ဒီ Language Café မှာ မိုးခိုဖို့အချိန်ဖြုန်းရင်း ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဘာသာစကားတွေကိုပါ လေ့လာဆိုရတယ်ဆိုတော့ အခွင့်ကောင်းတစ်ခုပဲပေါ့။ ကဲဘယ်လိုလဲ? မိုးလဲခို၊ ကော်ဖီလည်းသောက်ပြီးတော့ ဘာသာစကားတွေကိုပါ အလကားလေ့လာလို့ရတယ်ဆိုတော့ မိုးခိုဖို့အသင့်တော်ဆုံးပဲပေါ့။ ………………………………………………………………………….. ၉) Hard Rock Café Yangon သင်ဟာ ကော်ဖီကောင်းကောင်းတစ်ခွက်ကို နှစ်သက်သူတစ်ယောက်လား? သင်ဟာ သီချင်းတွေကိုနှစ်သက်သူလား? ဒါဆိုရင်တော့ Hard Rock Café ကတော့ သွားကိုသွားဖူးသင့်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ ကမ္ဘာတလွှားက ထင်ရှားတဲ့အဆိုတော်တွေရဲ့ အသုံးအဆောင်တွေကို ချိတ်ဆွဲပြီးပြထားတာကို တွေ့ရမှာပါ။ အဲဒါအပြင် live band တွေရဲ့ သီချင်းကောင်းကောင်းတွေ၊ rock သီချင်းကောင်းကောင်းတွေကို အမြဲကြားကြရမှာဖြစ်တဲ့အတွက်  သူငယ်ချင်းတွေနဲ့သာမက တစ်ယောက်တည်းလည်း သွားသင့်တဲ့ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ …………………………………………………………………………………………………. ၁၀) Gloria Jean’s Coffees Myanmar ဒီဆိုင်လေးကတော့ သိပ်ပြောပြစရာမလိုတဲ့ လူတော်တော်များများလည်း သိလောက်မယ်ထင်ရတဲ့ ကော်ဖီဆိုင်ပဲဖြစ်ပါတယ်။ Gloria Jean ကတော့ ကော်ဖီကောင်းကောင်းလေးတွေ တော်တော်များများရတဲ့အပြင် ဓာတ်ဖမ်းလို့လည်း တော်တော်ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဆိုတာ မမှားပါဘူး။ ကိုယ့်ဟာကိုယ်တစ်ယောက်တည်း feel ချင်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ chill ချင်တာပဲဖြစ်ဖြစ်အတွက်တော့ Gloria Jean ကအမိုက်ဆုံးပဲပေါ့နော်။ ...

By:Kawi 18/06/2019
ဆေးရုံပုံစံလုပ်ထားတဲ့ စားသောက်ဆိုင် In:Kawi Eats, Theme Restaurant
2 1 0

ဒါကတော့ Taipei, Taiwan မှာရှိတဲ့ dark hospital theme restaurant လေးတစ်ခုပါ။ dark hospital ဆိုတဲ့အတိုင်း တစ်ဆိုင်လုံးက မီးမှိန်မှိန်လေးပဲထွန်းထားပြီး အမည်းရောင်နဲ့အနီရောင်ကိုပဲ ပိုပြီးအသုံးပြုပြင်ဆင်ထားပါတယ်။ ဒီဆိုင်လေးရဲ့ထူးခြားချက်တွေက အများကြီးမှအများကြီးပါ။ waitress လေးတွေအားလုံးက sexy nurse လေးတွေလိုဝတ်ဆင်ထားပြီး၊ ဆိုင်နံရံတွေကိုမျက်စိစမ်းသပ်ရင်သုံးတဲ့ eye testing board တွေ၊ X-Ray resultsတွေ၊ ချိုင်းထောက်တွေစတဲ့ ဆေးရုံသုံးပစ္စည်းတွေနဲ့ ပြင်ဆင်ထားတာပါ။ နောက်ထပ်ထူးခြားတာက စားပွဲခုံတွေက ဆေးရုံကုတင်တွေဖြစ်ပြီး စားပွဲတိုင်းမှာ ဆေးသွင်းရင်သုံးတဲ့ စတီးတိုင်တွေထားထားပါတယ်။ ဟင်းပွဲတွေလာချရင်လည်း ခွဲစိတ်ခန်းသုံးဆေးပစ္စည်းတင်လှည်းနဲ့ တင်ပြီးယူဆောင်လာတာပါ။ နောက်ပြီး… Beer မှာသောက်ရင်လည်း beer ကို serve ဘယ်လိုလုပ်လဲဆိုတော့ စားပွဲဘေးက drip ချိတ်တဲ့တိုင်မှာ drip ချိတ်သလိုချိတ်ထားပြီးမှ ပိုက်နဲ့တစ်ဆင့်သွယ်ထားပြီး ခွက်ထဲထည့်ထားပေးတာပါ။ နောက်တစ်ခုက စားသောက်ပြီးတာနဲ့ ဆိုင်ရဲ့ထုံးစံအရ after dinner game ဆိုပြီးရှိပါတယ်။ game ကဘယ်လိုလဲဆိုတော့ ဆေးထိုးအပ် 5 ချောင်းရှိတယ်။ 3 ချောင်းထဲမှာက အရသာကောင်းတဲ့ အချိုရည်တွေရှိပြီး ကျန်တဲ့ 2ချောင်းထဲမှာက ဘာမှန်းမဖော်ပြထားတဲ့ အရည်နှစ်ခုပါ။ game rule လေးကဘာလဲဆိုတော့ အံစာတုံးနှစ်တုံးရှိမယ်။ စုံဂဏန်းကျရင် ကောင်းတာသောက်ရမယ်၊ မ ဂဏန်းကျရင် မကောင်းတဲ့နှစ်ချောင်းကိုသောက်ရမှာပါ။ စိတ်ဝင်စားဖို့ကောင်းသလို ကြောက်ဖို့လည်းကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် theme restaurant တွေကြိုက်တဲ့သူတွေအတွက်တော့ ဒါကသွားသင့်တဲ့နေရာလေးတစ်ခုပဲပေါ့နော်။ ...

By:Kawi 19/02/2019
မြွေကြောက်တဲ့လူတွေ မသွားသင့်တဲ့ စားသောက်ဆိုင် In:Kawi Eats, Theme Restaurant
1 0 0

အခုဆိုရင် မြန်မာနိုင်ငံမှာ ခွေးလေးတွေ၊ ကြောင်ကလေးတွေနဲ့အတူ စားသောက်နိုင်မယ့် cafe လေးတွေပေါ်လာပြီး အတော်လေးလည်းနာမည်ကြီးလာပါတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူဘူးဆိုသလိုပဲ ခွေးလေး၊ ကြောင်လေးတွေကိုမချစ်ဘဲ မြွေကိုပိုချစ်တဲ့လူတွေလည်း ရှိနေနိုင်ပါတယ်။ ဒီဆိုင်လေးကတော့ ဒီလိုလူတွေအတွက်ပါ။ မြွေကြောက်တတ်တဲ့လူတွေအတွက်တော့ ရှေ့ဆက်မဖတ်တာ အကောင်းဆုံးပါပဲ။ ဒီဆိုင်က Tokyo Snake Center လို့ခေါ်တဲ့ Tokyo, Jingamae မှာရှိတဲ့ Snake cafe လေးပါ။ ဒီဆိုင်လေးမှာ ပုံမှန်လိုကြောင်လေးတွေ၊ ခွေးလေးတွေနဲ့ မဟုတ်ဘဲ မြွေလေးတွေနဲ့ အချိန်ကုန်ဆုံးခွင့်ရမှာပါ။ အဲဒါကတော့ ဒီဆိုင်လေးရဲ့ထူးခြားချက်ပေါ့နော်။ သူ့မှာ မြွေမျိုးစိပ်စုစုပေါင်း35 မျိုးရှိပြီး အားလုံးကလည်း အဆိပ်မရှိတဲ့မြွေမျိုးနွယ်ဝင်တွေပါ။ အဆိပ်မရှိဘူးဆိုတော့ လူတွေအတွက်အန္တရယ်မရှိတော့ဘူးပေါ့။ ¥1000 နဲ့ဆိုရင် အအေးတွေကို ဘေးမှာ မြွေထည့်ထားတဲ့မှန်ပုန်းအကြည်လေးနဲ့အတူ သောက်ခွင့်ရမှာပါ။ ဒါပေမယ့် မြွေလေးတွေနဲ့ကစားချင်တယ်ဆိုရင်တော့ နောက်ထပ် ¥540 ပိုပေးရပါတယ်။ အဲ့လိုဆိုရင်တော့ မြွေလေးတွေနဲ့ဆော့လို့လည်းရသလို ဓာတ်ပုံလေးတွေလည်းရိုက်လို့ရပါတယ်။ နောက်ပြီး… သူတို့ဆီမှာ မြွေနဲ့သက်ဆိုင်တဲ့လက်ဆောင်ပစ္စည်းလေးတွေလည်း ရောင်းပေးပါတယ်။ ဥပမာ… မြွေ leather အိတ်၊ မြွေ charm စတဲ့ပစ္စည်းလေးတွေပေါ့။မြွေတွေကို တိရိစ္ဆာန်ပစ္စည်းရောင်းတဲ့ဆိုင်မှာရောင်းတဲ့ အေးခဲထားတဲ့ကြွက်တွေတစ်ပတ်တစ်ခါ / နှစ်ခါလောက်ကျွေးတယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ မြွေတွေရဲ့ထုံးစံအရ အစာတစ်ခါစားပြီးရင် စားထားတဲ့အစာကို ရက်အနည်းငယ်ကြာအောင်ခြေလို့ပါ။ သူတို့အစာခြေနေတဲ့အချိန်ဆို လူတွေကိုပေးမကိုင်ပါဘူး အန္တရာယ်ရှိနိုင်လို့ပါ။ အဲဒါကြောင့် သွားဖြစ်လို့မြွေလေးတွေကိုင်ချင်တယ်ဆိုရင်တော့ သေချာမေးပြီးမှဆော့ကြနော်။ နောက်ပြီးတော့… သူက မနက် 11 နာရီ ကနေ ည 8 နာရီ ထိဖွင့်တယ်လို့သိရပါတယ်။ အထူးအဆန်းတွေလေ့လာချင်တဲ့သူတွေအတွက် နောက်ထပ်နေရာအသစ်အဆန်းတစ်ခုပေါ့။ ...

By:Kawi 14/02/2019
လေပေါ်မှာ ညစာစားလို့ရတဲ့ Dinner in the sky In:Kawi Eats, Theme Restaurant
1 0 0

ဟုတ်ပါတယ်!! Dinner in the sky ဆိုတဲ့အတိုင်းပဲ လေပေါ်မှာ တွဲလောင်းကြီးချိတ်ပြီးစားရမှာပါ။ နောက်တယ်ဆိုပေမယ့် နောက်နေတာမဟုတ်ပါဘူးနော်။ အခုပြောပြပေးမှာကတော့ Dinner in the sky ဆိုတဲ့ Las Vegas ကဆိုင်လေးတစ်ခုအကြောင်းပါ။ သူက မြေမျက်နှာပြင်အမြင့်ပေ 180 မှာစားရတာပါ။ ပေ180ဆိုတော့ Las Vegas တစ်မြို့လုံးကိုမြင်ရတဲ့မြင်ကွင်းမှာ ညစာကိုလေလေးတဖြူးဖြူးနဲ့ မီးရောင်စုံလင်းနေတဲ့အဆောက်အအုံတွေကြား စားရမှာနော်။ ပြုတ်မကျပါဘူး… ဘာလို့လဲဆိုတော့ ထိုင်ခုံတွေအကုန်လုံးက ပြိုင်ကားတွေမှာသုံးတဲ့ ထိုင်ခုံအလန်းစားတွေဖြစ်ပြီး သေချာခါးပတ်ပတ်ပြီးမှ အပေါ်ကို crane ကြီးနဲ့ ပေ180 အထိ တဖြည်းဖြည်းတက်သွားတာပါ။ ဘေးမှာတော့ဘာမှမရှိဘူးနော်… တစ်ဝိုင်းကို လူယောက် 20 နဲ့ ဝန်ဆောင်မှုအပြည့်ပေးမယ့် waiters 3ယောက်နဲ့ လုံးဝဒိတ်ဒိတ်ကြဲစားဖိုမူးကြီးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ခရင်းတော့ပြုတ်မကျစေနဲ့နော်။ ကျသွားရင်တော့ ပြန်ကောက်လို့မရနိုင်ဘူးလေ။ ညနေ 5:00-10:00 ထိရှိပြီး package တွေနဲ့ reservation ကြိုလုပ်ရတာပါ။ Menu ကတော့ package ရွေးချယ်မှုပေါ်မူတည်ပြီး ပြောင်းလဲပါတယ်။ ကြာချိန်ကတော့ တစ်နာရီဝန်းကျင်လောက်ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း package ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ နောက်ပြီး သူက dinner မဟုတ်ဘဲ party, meeting, wedding တွေလုပ်ချင်တယ်ဆိုလည်း ကြိုတင် Booking လုပ်ပြီး လေထဲမှာအပီလွင့်လို့ရပါပြီ်နော်။ နောက်ထပ်သတင်းကောင်းကတော့ အခုဆိုရင် အရှေ့တောင်အာရှမှာလည်း Dinner in the sky ကိုဖွင့်လှစ်ထားပြီးပါပြီ။ မလေးရှားနိုင်ငံမှာဖြစ်ပြီး ကွာလာလမ်ပူမြို့မှာ ဖွင့်လှစ်ထားတာပါ။ Economy Class, Business Class နဲ့ First Class ဆိုပြီးခွဲထားပါတယ်။ ညစာစားချိန်ကတော့ တစ်နာရီခန့်ကြာမြင့်မှာပါ။ ...

By:Kawi 13/02/2019
Back to Top