Loading...

Home Kawi Eats Kawi Inspires
ပါ၀င်ပစ္စည်း (၃) မျိုးတည်းနဲ့ မြန်လည်းမြန်၊ လွယ်လည်းလွယ်တဲ့ ဟင်းချက်နည်းများ In:Kawi Eats, Others
1 2 0

ဟင်းချက်စရာအမျိုးအမည်တွေ အများကြီးထည့်မှ အရသာရှိတဲ့ဟင်းတွေ ချက်လို့ရတာမဟုတ်ပါဘူး။ ရှိတဲ့ဟင်းချက်ပစ္စည်းတွေနဲ့ ရအောင်ချက်တတ်တာကလည်း အိမ်ရှင်မတွေရဲ့ ဟင်းချက်ပညာတစ်ခုပါ။ ဒါကြောင့် ဟင်းချက်ပစ္စည်း (၃) မျိုးလောက်ရှိရုံနဲ့ ဒီလိုဟင်းတွေချက်လို့ရနေပြီဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်လို ဟင်းတွေချက်လို့ရလဲဆိုတော့- (၁) ကြက်သားအချိုချက် ပါ၀င်ပစ္စည်း – ကြက်ပေါင်သား၊ သကြားညို၊ ပဲငံပြာရည် ပထမဦးဆုံးအနေနဲ့ အမြင့် (၂) လက်မနဲ့ အကျယ် (၃) လက်မ လောက်ရှိတဲ့ ပန်းကန်လုံးခပ်သေးသေးထဲကို ခွက်ရဲ့ သုံးပုံတစ်ပုံလောက် သကြားညိုထည့်လိုက်ပါ။ ပဲငံပြာရည်ကိုတော့ နောက်ပန်းကန်လုံးတစ်လုံးယူပြီး သုံးပုံနှစ်ပုံလောက်ထည့်ပါမယ်။ ကြက်ပေါင်သားတွေကို အနေတော် အရွယ်အစားလောက်လှီး? ဆီနည်းနည်းနဲ့လှိမ့်ပါ။ ကြက်သားကျက်လောက်ပြီဆိုရင် ပဲငံပြာရည်နဲ့ သကြားညိုထည့်ပြီး အနှစ်ဖြစ်တဲ့အထိ မွှေနေပေးပါ။ အနှစ်လည်း အနေတော်လောက်ဖြစ်ပြီး ကြက်သားလည်းမွှေးနေပြီဆိုရင် စားလို့ရပြီလေ။ …………………………………………………………………………………………………. (၂) ဆာလ်မွန်ငါးမီးဖုတ် ပါ၀င်ပစ္စည်း – ဆာလ်မွန်ငါး၊ Sweet Chili Sauce၊ ကြက်သွန်မြိတ် Sweet Chili Sauce ကို အချဉ်ရည်ထည့်စားတဲ့ ပန်းကန်လုံးသေးသေးလေးထဲကို အပြည့်ထည့်ထားပါ။ ဆာလ်မွန် အသားတုံးကြီးကြီး (၃) တုံးလောက်ကို ဗူးခပ်ကြီးကြီးထဲထည့်ပြီး စောစောက အချဉ်ရည်ရယ် ကြက်သွန်မြိတ်ရယ်ကို လောင်းထည့်လိုက်ပါ။ ပြီးရင် အသားထဲစိမ့်ဝင်သွားအောင် လက်နဲ့အသာအယာနယ်ပေးပါ။ နောက်ပြီး 400°F/ 200°F မှာထားပြီး (၁၅) မိနစ်လောက် Microwave ထဲထည့် ဖုတ်ပြီးရင်တော့ Steak အနေနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ကြိုက်သလိုစားလို့ရပါပြီ။ …………………………………………………………………………………………………. (၃) Mac and cheese ပါ၀င်ပစ္စည်း – ပါစတာ၊ cheddar အမျှင်၊ နွားနို့ ပန်းကန်လုံး (၁) လုံးစာအနေထားလောက် စားချင်တယ်ဆိုရင်တော့ နွားနို့ကို ပန်းကန်လုံး (၁)လုံးနဲ့ တစ်ဝက်ခန့်လောက် အသုံးပြုရင်ရပါပြီ။ အရင်ဆုံးလုပ်ရမှာကတော့ နွားနို့ကို ကျိုရပါမယ်၊ ပွက်လာရင် ပါစတာထည့်လိုက်ပြီး နွားနို့တွေ အရည်ခမ်းသွားပြီး ပါစတာတွေ တစ်ခုနဲ့ တစ်ခု စေးကပ်ကပ်ဖြစ်သွားတဲ့အထိ မွှေပေးပါ။ ပြီးရင် cheddar အမျှင်ပါထည့်ပြီး ဆက်မွှေပါ။ Cheddar တွေ အရည်ပျော်သွားပြီးရင်တော့ စားလို့ရပြီပေါ့။ …………………………………………………………………………………………………. (၄) ကြက်အူချောင်း ချိစ် ကြော် ပါ၀င်ပစ္စည်း – ကြက်အူချောင်း၊ cheddar အပြား၊ ဂျုံမုန့်အကာ ဂျုံမုန့်အကာပေါ်မှာ cheddar အပြားကိုတင်၊ ကြက်အူချောင်းကိုပါတင်ပြီး လိပ်လိုက်ပါ။ လိပ်ပြီးရင် (၁)လိပ်ကို (၃) တုံးစာလောက်လှီးပါ။ နောက်ပြီး 425°F /220°F မှာ (၁၅) မိနစ်စာလောက် Microwave ထဲထည့်ပြီး ဖုတ်ပေးပါ။ ချိစ်လေးတွေအရည်ပျော်လာ၊ ဂျုံမုန့်အကာလေးလည်း ကျွတ်ကျွတ်ရွရွ ဖြစ်လာတော့ တစ်ကိုက်ကိုက်လိုက်တိုင်း အီလည်းမအီဘဲ၊ ချိုစိမ့်စိမ့်နဲ့စားလို့ကောင်းနေရောပေါ့။ …………………………………………………………………………………………………. (၅) ချိုစိမ့်စိမ့် ချိစ်ကြော် ပါ၀င်ပစ္စည်း – ကြက်ဥလိပ်အပြား၊ ချိစ်အချောင်း၊ ရေ ကြက်ဥလိပ်အပြားက ကြီးနေတယ်ထင်ရင် တစ်ဝက်လောက်ဖြတ်လိုက်ပါ။ ပြီးရင် ချိစ်အချောင်းကို ကြက်ဥလိပ်အပြားပေါ် ထည့်လိပ်ပါမယ်။ လိပ်တဲ့အခါ ကွာမကျနိုင်တဲ့ သပ်ရပ်တဲ့အလိပ်လေးဖြစ်အောင် အနားသတ်တွေကို ရေနဲ့စွတ်ပြီး ကပ်ပေးပါ။ ပြီးရင် အိုးထဲကို ဆီများများထည့်ပြီး ဆီပူပူထဲ နှစ်ကြော်လိုက်ပါ။ …………………………………………………………………………………………………. (၆) ချောကလက် ထောပတ်မြေပဲကိတ် ပါ၀င်ပစ္စည်း – ထောပတ်မြေပဲ၊ ချောကလက်အရည်၊ သကြားပေါင်ဒါမှုန့် အမြင့် (၂) လက်မ၊ အကျယ် (၃) လက်မ အရွယ် ပန်းကန်လုံးသေးသေးထဲကိုထောပတ်မြေပဲ သုံးပုံတစ်ပုံခန့် ထည့်ပါ။ သကြားပေါင်ဒါမှုန့်ကိုလည်း ပန်းကန်လုံးနောက်တစ်လုံးထဲ သုံးပုံတစ်ပုံစာလောက် ထည့်ထားလိုက်ပါ။ ပြီးရင်တော့ ထိုနှစ်ခုကို ခွက်အလွတ်ထဲ ပြောင်းထဲပြီး မွှေလိုက်ပါမယ်။ ပြီးရင် Cupcake ဖုတ်တဲ့ခွက်လေးတွေထဲကို cupcake စွတ်တဲ့ စက္ကူစလှလှလေးတွေ အရင်ထည့်လိုက်ပါ။ နောက်ပြီး အောက်ခြေမှာ ချောကလက်အရည်ကို အရင်လောင်းထည့်လိုက်ပါ။ ပြီးရင် ထောပတ်မြေပဲကိုအလည်မှာ ထည့်ပြီး၊ ချောကလက်အရည်ကို အပေါ်ဆုံးမှာ နောက်တစ်ထပ် ပြန်ထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ (၁) နာရီလောက် ထည့်ထားလိုက်ပေါ့။ …………………………………………………………………………………………………. (၇) Vanilla ချောကလက်ကိတ် ပါ၀င်ပစ္စည်း – oreo၊ ချောကလက်အရည်၊ vanilla ရေခဲမုန့် Oreoတွေကို တစ်ခါသုံး ပလတ်စတစ်အိတ်ထဲထည့်ပြီး အမှုန့်ဖြစ်အောင် ချေလိုက်ပါ။ နောက်ပြီး ကိတ်မုန့်လုပ်လို့ရလောက်မယ့် ခွက်ခပ်ကြီးကြီး တစ်ခုစာထဲ အောက်ခြေအဖြစ်သိပ်ပြီးထည့်လိုက်ပါ။ အပေါ်ကနေပြီး အရည်နည်းနည်းပျော်နေတဲ့ vanilla ရေခဲမုန့်ထည့်လိုက်ပြီး decoration အနေနဲ့ကတော့ေ ချာကလက်အရည်တွေကို zip zap ပုံစံ လောင်းထည့်လိုက်ပါ။ အကုန်လုံးပြင်ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ (၄) နာရီလောက် ခဲထားလိုက်ရုံပါပဲ။ Heavy meal တွေမဟုတ်ဘဲ၊ တကယ့်ကို ပေါ့ပေါ့ပါးပါးလေးတွေမို့ နေ့ခင်းနေ့လည် ဗိုက်ဆာရင်ပဲစားစား၊ သူငယ်ချင်းတွေနဲ့ အပျင်းပြေပဲစားစား သင့်တော်တယ်နော်။ ဒီတော့ လွယ်ကူလှတဲ့ ချက်နည်းလေးတွေကို လိုက်ချက်ပြီး မီးဖိုချောင်ထဲမှာအလုပ်ရှုပ်လိုက်ကြဦးနော်။😝😝😝 ...

By:Kawi 05/06/2019
လက်ဖက်ရည်ပူပူလေး နေ့တိုင်းသောက်တာက ကင်ဆာဖြစ်နိုင်ခြေ (၂) ဆတိုးနိုင်ပါတယ်… In:Kawi Eats, Others
1 6 0

ကဝိတို့ မြန်မာတွေ တစ်နေ့ကို လက်ဖက်ရည်ဘယ်နှစ်ခွက်လောက် သောက်လေ့ရှိကြပါသလဲ??? တိကျတဲ့ စာရင်းကောက်ထားတာမျိုးမရှိပေမယ့် မြန်မာတို့ လက်ဖက်ရည်ကြိုက်ကြတော့ ငြင်းလို့မရနိုင်ပါဘူး။ ပြီးတော့ လက်ဖက်ရည်ဆိုတာက မြန်မာတို့ရဲ့ ရိုးရာတစ်ခုလိုဖြစ်နေတာပါ။ လက်ဖက်ရည်ဆိုင်ထိုင်တတ်တဲ့ မြန်မာတို့ရဲ့ ဓလေ့လေးကလည်း အခုထိရှိနေဆဲပါ။ ဒါကြောင့် ဒီအကြောင်းလေးကို မပြောမဖြစ်ပြောဖို့ လိုအပ်လာပါပြီ။ လက်ဖက်ရည်ကို ၆၀ ဒီဂရီထက်ပိုတဲ့အပူချိန်မှာ သောက်နေကျဆိုရင် အစာပြွန်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်တဲ့။ CNN ရဲ့ Health သတင်းတစ်ခုမှာပြောထားတာ ဖြစ်ပါတယ်။ ကင်ဆာအဖွဲ့အစည်းတစ်ခုရဲ့ လေ့လာချက်တစ်ခုအရ လက်ဖက်ရည်တစ်နေ့ကို (၇၀၀) မီလီလီတာ ဒါမှမဟုတ် ခွက်ကြီးနှစ်ခွက်စာလောက်ကို ၆၀ ဒီဂရီအထက် အပူချိန်မှာသောက်တယ်ဆိုရင် လက်ဖက်ရည်ကို အေးမှသောက်တတ်တဲ့ လူတွေထက် ၉၀% ကင်ဆာဖြစ်နိုင်ချေပိုရှိတယ်လို့ ဆိုထားပါတယ်။ ဘာလို့လဲဆိုတော့ လက်ဖက်ရည်သောက်တဲ့အခါ အစာအိမ်ကိုသွားတဲ့ အစာအိမ်ပြွန်ကိုဖြတ်ပြီးဆင်းသွားတာကြောင့် သောက်တဲ့လက်ဖက်ရည်တွေက ၆၀ ဒီဂရီထက်ကျော်တဲ့ အပူချိန်မှာဆိုရင် အစာပြွန်တွေကို ထပ်ခါထပ်ခါ လောင်ကျွမ်းနေသလို ဖြစ်စေတာကြောင့်ပါ။ ဒီတော့ လက်ဖက်ရည်မှမဟုတ်ပါဘူး ၆၀ ဒီဂရီကျော်တဲ့အပူချိန်မှာရှိတဲ့ ဘယ်အရည်မျိုးကိုမဆို နေ့တိုင်း ခဏခဏသောက်လေ့ရှိတယ်ဆိုရင် အစာပြွန်ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါက ဆေးလိပ်တို့၊ အရက်တို့က လူကိုဒုက္ခပေးသလို တဖြည်းဖြည်းနဲ့ရောဂါ ဖြစ်လာစေနိုင်ပါတယ်။ အစာပြွန်ကင်ဆာက ကမ္ဘာမှာ ၈  ခုမြောက်အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ ကင်ဆာဖြစ်ပါတယ်။ တစ်နှစ်ကို လူပေါင်း ၄သိန်းလောက် ဒီကင်ဆာကြောင့် သေဆုံးနေရပါတယ်။ ဒါကြောင့် လက်ဖက်ရည်ကြိုက်တယ်ဆိုရင်တော့ နည်းနည်းလေးအအေးခံပြီးမှ သောက်ကြနော်… Crd Link : https://cnn.it/2FHf4gL ...

By:Kawi 02/04/2019
အစားတစ်လိုင်း သူငယ်ချင်းတွေတော့ ကိုယ်နဲ့တွေ့ပြီလေ In:Kawi Eats, Others
0 1 0

လွယ်လည်းလွယ်၊ မြန်လည်းမြန်တဲ့ last minute prank လေးတွေ!!! ၁။ Mayonnaise Donut Prank ဒိုးနပ်ကြိုက်တဲ့သူငယ်ချင်းတွေကို “ငါ ဒိုးနပ်ဝယ်လာတယ်ဟေ့” ဆိုပြီးတော့သာ ပြောလိုက်ပါ။ သင့်သူငယ်ချင်းအငတ်လေးတွေ ၀မ်းသာအားရနဲ့ လာပြီးစားချိန် ဒိုးနပ်ထဲက cream တွေအစား၊ mayonnaise တွေစားမိသွားလို့ အီသွားမယ့် မျက်နှာတွေကိုမြင်ယောင်ကြည့်လိုက်နော်!! 😝😝😝 ……………………………………………………………………………………………………………………………… ၂။ Microwave Soap Prank ဆပ်ပြာတုံးတစ်ခုကို microwave ထဲထည့်ပြီး အပူပေးလိုက်ပါ။ Home-made cake တစ်ခုလို ပွတက်လာပါလိမ့်မယ်။ အစာငမ်းပြီး စားမိတဲ့သူတွေကတော့ ရှလွတ် … ပါးစပ်ထဲက ပူဖောင်းတွေတောင်ထွက်လာဦးမယ်။ 😅😅😅 ……………………………………………………………………………………………………………………………… ၃။ ရှုးရှဲ မုန့်လုံးရေပေါ် Prank သင်္ကြန်လည်းနီးပြီဆိုတော့ အခုနေ မုန့်လုံးရေပေါ်ကျွေးရင် ဘယ်သူမှငြင်းမှာမဟုတ်ဘူးနော်။ အဲဒီတော့ အကုန်အကျလည်းသက်သာအောင် ထန်းလျက်တွေထည့်လုံးမနေနဲ့တော့ ငရုတ်သီးစိမ်းတွေသာထည့်လုံးပေတော့။ ……………………………………………………………………………………………………………………………… ၄။ သွားတိုက်ဆေး Oreo Prank ဒါလေးကတော့လွယ်ပါတယ်။ Oreo ထဲက cream လေးတွေကို ဓားနဲ့ခြစ်ထုတ်၊ သွားတိုက်ဆေးကိုထည့်သုတ်လိုက်ရုံပဲနော်။ Flavor အသစ် ပူရှိန်းရှိန်း Oreo ပေါ့။ ……………………………………………………………………………………………………………………………… ၅။ ထမင်းပေါ်ကို ဆားလေးဖြူး Prank ထမင်းကလည်း အဖြူရောင်၊ ဆားကလည်း အဖြူရောင်ဆိုတော့ ဘယ်သူမှသိမှာမဟုတ်ဘူး။ ပိုမသိသာစေချင်ရင် အပေါ်ကမဖြူးဘဲ နယ်ထားပေးလိုက်ပါ။ ငန်ကျိကျိဖြစ်နေတဲ့ ထမင်းကို စားမိတဲ့ မျက်နှာကြီးကိုကြည့်ပြီး ထိုင်ခွီနေပေတော့။ 😜😜😜 ……………………………………………………………………………………………………………………………… ၆။ ရေထဲပါ ဆားထည့် Prank ထမင်းငန်ငန်တွေစားမိပြီး ရေပြေးအသောက်၊ ရေကလည်း ငန်ကျွတ်နေတာနဲ့ ကွက်စတိနော်။ 😂😂😂 ……………………………………………………………………………………………………………………………… ၇။ ရေဗူး မျက်လှည့် Prank ဒီ prank ကတော့ လူတိုင်းသိပါတယ်။ တော်တော်များများသိတဲ့ မျက်လှည့်ဖြစ်တာကြောင့် ရုပ်တော့တည်ထားဖို့လိုမယ်နော်။ ရေဗူးကို အဝတ်တစ်ခုခုနဲ့ဖုံးထား၊ ပါးစပ်က တွေ့ကရာ ဂါထာတွေရွတ်ပြီး သူငယ်ချင်းကို ရေဗူးထဲမှာဘာရှိလဲကြည့်ခိုင်းပြီး၊ သူကြည့်နေတုန်း ရေဗူးကို ညှစ်ချလိုက်ပါ။ ...

By:Kawi 01/04/2019
Back to Top