Loading...

Home Kawi Eats Kawi Inspires
သံပုရာသီးကို ဒီလိုလေးတွေသုံးလို့ရတာ သိရဲ့လား??? In:Kawi Eats
1 6 1

သံပုရာသီးလေးတွေကို ကြီးလေချဉ်လေ အချဉ်သီးလေးတွေဆိုပြီး တစ်မျိုးမထင်ကြပါနဲ့။ သံပုရာသီးက  အိမ်တွင်းသမားတော် မဟုတ်တောင် ဒါလေးတွေ သိထားရင် သင့်ကိုကောင်းကောင်း အကူအညီဖြစ်မှာပါ။  လက်အနံ့ပျောက်ဆေး စားချင်တာ စားပြီးမှ crush လေးနဲ့တွေ့ရမှာကို သတိရဖူးးလား?? အဲဒါဆို သံပုရာသီးလေးသာ ပြေးရှာလိုက်နော်။ Crush နဲ့တွေ့မှ မဟုတ်ပါဘူး။ အနံ့ပြင်းပြီး လက်မှာအနံ့စွဲတတ်တဲ့အရာတွေ စားပြီး၊ ကိုင်ပြီးတဲ့အခါ သံပုရာသီးလေးနဲ့ လက်ကိုပွတ်ပြီးမှ ဆပ်ပြာနဲ့ဆေးပါ။ အနံ့စွဲနေတာတွေကို သက်သာစေပါတယ်။  အိုးမှာ ဂျိုးတွေကပ်နေရင်  ဆပ်ပြာနဲ့တိုက်ဆေးပြီးတာတောင်မှ အိုးမှာဂျိုးလေးတွေကပ်နေသေးတယ်ဆိုရင် သံပုရာသီးကို တစ်ဝက်ပိုင်းပြီး ဆားလေးနဲ့ အိုးကိုပွတ်ပါ။ အက်စစ်ဓာတ်ပါတာကြောင့် ဂျိုးတွေကို ပျောက်ကင်းစေပါတယ်။  ဂျိုင်းသုတ်မရှိရင် လက်မှာ အနံ့စွဲနေတာတင်မဟုတ်ပါဘူး။ ဂျိုင်းနံ့တွေ၊ အနံ့ဆိုးတွေကိုပါ သက်သာစေတာကြောင့် အရေးပေါ် ဂျိုင်းသုတ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။  ပလတ်ကျွတ်ရင် အရက်၊ ဘီယာတွေအရမ်းသောက်မိပြီး အရမ်းမူးသွားတဲ့အခါ သံပုရာသီးက အမူးပြေစေပါတယ်။ အရမ်းချဉ်မှာစိုးရင် သံပုရာသီးစိတ်လေးကို ဆားလေးအနည်းငယ်နဲ့တို့စားပါ။ အမူးနည်းနည်းတော့ သက်သာစေမှာပါ။  ပိုမွှားတွေကို သန့်စင်ပါ သံပုရာသီးမှာ အက်စစ်ဓာတ်တော်တော်များများပါဝင်တာကြောင့် ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် အိမ်က ဘေးစင်တွေ၊ မီးဖိုချောင်တွေနဲ့ တခြားနေရာတွေမှာ သံပုရာသီးအရည်လေးဖြန်းခြင်းဖြင့် ပိုမွှားတွေရန်က ကာကွယ်နိုင်မှာပါ။  သွေးကျဆေး ဒါကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ သွေးတိုးတဲ့အခါ သံပုရာရည်ချဉ်ချဉ်လေး တစ်ခွက်က တော်တော်လည်း အထောက်အကူဖြစ်မှာပါ။ ပြီးတော့ သွေးနည်းနည်းတိုးတတ်တဲ့လူတွေ တက်စာတွေဖြစ်တဲ့ ဒံပေါက်၊ ငံတဲ့ အစားအစာတွေ စားပြီးရင် သံပုရာရည်လေးတစ်ခွက်လောက် သောက်သင့်ပါတယ်။  ခံတွင်းနံ့ရှင်းစေ ဆေးလိပ်သောက်တတ်သူတွေ၊ အရက်သောက်တတ်သူတွေ၊ ကွမ်းစားတတ်သူတွေအတွက် သံပုရာသီးက ခံတွင်းမှာစွဲနေတဲ့ အနံ့တွေကိုလည်း ဖျောက်ပေးနိုင်ပါတယ်။  လက်သည်းဖြူဆေး ညစ်ပြီးသား သံပုရာသီး အခွံနဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပွတ်ပေးရင် ဖွေးသွားစေမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှထားတာ၊ အနာဖြစ်နေတာတွေရှိရင်တော့ မပွတ်မိပါစေနဲ့ စပ်သွားပါလိမ့်မယ်။  ဝက်ခြံတွေသက်သာစေဖို့ သံပုရာရည်ကို ပျားရည်၊ သကြားညိုအနည်းငယ်တို့နဲ့ ရောပြီး (၃၀) မိနစ်ခန့် မျက်နှာပေါ်တင်ထားပါ။ ပြီးရင်တော့ ဆပ်ပြာနဲ့မဟုတ်ဘဲ ရေနဲ့ဒီတိုင်းဆေးပါ။ သံပုရာရည်က ဘတ်တီရီးယားပိုးတွေကို သေစေတာကြောင့် ဆားဝက်ခြံတွေ၊ ဝက်ခြံတွေကို သက်သာစေမှာပါ။ ...

By:Kawi 04/10/2019
ဒါတွေစားပြီး စာကျက်ရင် စာပိုရတယ်တဲ့ In:Kawi Eats
1 6 0

စာကျက်ရင်း မုန်စားတတ်တဲ့သူလေးတွေ၊ မုန့်ပါမှ စာကျက်တတ်တဲ့လူလေးတွေရော တခြားမုန့်တွေထက် ဒါလေးတွေစားပြီး စာကျက်ရင် စာပိုရမှာတဲ့နော်… Dark Chocolate  ရိုးရိုးချောကလက်မဟုတ်တာတော့ ဆိုးတယ်။ Dark Chocolate ကနည်းနည်း ခါးတယ်လေနော်။ Dark Chocolate မှာ ပါဝင်မှုနှုန်းအများဆုံးဖြစ်တဲ့ Cocoa က ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့ အပြင် အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သင်ယူလေ့လာမှုနှုန်းကို မြင့်တက်စေမှာပါ။ အစေ့အဆံများ စာလေးဆိုကြည့်လိုက် အစေ့လေးတွေဝါးလိုက် ကွက်တိပဲ။ အစေ့အဆံတွေဖြစ်တဲ့ မြေပဲ၊ သီဟိုစေ့၊ almond တို့မှာ Omega 3 Fatty Acid နဲ့ Vitamin E ဓာတ်တို့ပါဝင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ ကာဖင်းဓာတ်က အားလုံးသိကြတဲ့အတိုင်း လန်းဆန်းစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေတာကြောင့် စာကျက်လို့ ပိုကောင်းစေမှာပါ။ ညဘက်တော့ အရမ်းမသောက်နဲ့ ပေါ့နော်။ Greek Yogurt ညဘက်စာလုပ်တတ်သူတွေအတွက် ကော်ဖီလည်း မသောက်ချင်ဘူးဆိုရင် ချဉ်ချဉ်လေးဆိုတော့ အဆင်ပြေပါတယ်။ ပြီးတော့ greek yogurt က ရိုးရိုး yogurt တွေထက် protain ပါဝင်မှုနှုန်းပိုများပါတယ်။ အရမ်းချဉ်တာမကြိုက်ရင်တော့ အသီးလေးတွေနဲ့ တွဲစားပေါ့နော်။  ကြက်ဥ  လုပ်ရလွယ်ကူပြီး အမျိုးမျိုးလည်း လုပ်စားလို့ရတာကြောင့် ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်ပြေပါတယ်။ ကြက်ဥမှာ Vitamin B ပါဝင်တာကြောင့် မှတ်မိလွယ်စေပါတယ်တဲ့။ Berries  ဘယ်ရီတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတွေမှာ ပါဝင်တဲ့ဓာတ်က ဦးနှောက်ဆဲ(လ်)တွေ တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် စာကျက်ရတာပို အဆင်ပြေမှာပါ။ ချဉ်ချဉ်လေးတွေဆိုတော့ အိပ်ချင်လည်းပြေတာပေါ့နော်။  အသီးအနှံသုပ် ဒီတစ်ခုကတော့ ကြိုက်နှစ်သက်တဲ့ အသီးအနှံတွေကို လှီးပြီး အသီးအနှံသုပ်ကြီးလုပ်လိုက်တာပါ။ ပန်းသီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး ကြိုက်နှစ်သက်တာ အကုန်လုံးထည့်လို့ရပါတယ်။ အသီးအနှံတွေမှာ Vitamin အမျိုးမျိုးပါတာဆိုတော့ ပြောနေစရာမလိုတော့ဘူးပေါ့။ ကြိုက်တတ်တယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ Greek Yogurt နဲ့ ဘယ်ရီလေးတွေလည်း ထည့်ဖို့မမေ့နဲ့နော်။  ...

By:Kawi 04/10/2019
ငှက်ပျောသီးစားပြီးရင် အခွံကို လွှတ်ပစ်နေတုန်းပဲလား??? In:Kawi Eats
1 1 0

ကျွန်တော်တို့ စားပြီးတိုင်း လွှင့်ပစ်လိုက်တဲ့ ငှက်ပျောသီးအခွံလေးတွေတောင် အသုံးဝင်တဲ့ နေရာလေးတွေရှိပါတယ်။ တကယ်လို့ အရေးကြုံလာရင်သုံးလို့ရအောင်နဲ့ မလွှင့်ပစ်ဘဲ သုံးလို့ရမယ့်နေရာလေးတွေကို သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်နော်… ၁။ ဝက်ခြံတွေကို သက်သာစေပါတယ်။ ငှက်ပျောသီးမှာပါဝင်တဲ့ vitamin C နဲ့ E အပြင် potassium ဓာတ်တွေက ဝက်ခြံတွေကို သက်သာစေပါတယ်။ ငှက်ပျောသီးအခွံကို မျက်နှာပေါ်တင်ထားပြီး (၅) မိနစ်ကနေ (၁၀) မိနစ်လောက်တင်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်နေ့ကို (၂) ကြိမ်လောက်ထိ ပြုလုပ်လို့ရပါတယ်။ ၂။ ငွေထည်ပစ္စည်းတွေကို သန့်ရှင်းတဲ့ နေရာမှာ သုံးလို့ရပါတယ်။  ငှက်ပျောသီးအခွံမှာပါဝင်တဲ့ potassium ဓာတ်က ငွေထည်တွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ညစ်ပတ်နေတဲ့ ငွေထည်ပစ္စည်းတွေကို ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ရုံနဲ့ သန့်ရှင်းသွားစေမှာပါ။ ၃။ Leather ပစ္စည်းတွေကို တောက်ပြောင်စေပါတယ်။ ကိုယ်ရဲ့ Leather ပစ္စည်းတွေ ခြောက်သွေ့ပြီး အရောင်မထွက်တော့တာ၊ ဟောင်းနေတဲ့ပုံပေါက်နေတာတို့ဆိုရင် ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်လိုက်ရင် ပြန်လည်တောက်ပြောင်လာမှာပဲ ဖြစ်ပါတယ်။  ၄။ သွားတွေကို ဖြူစေပါတယ်။ သွားတိုက်ပြီးတဲ့အခါ ငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးရင် potassium ဓာတ်ကြောင့် ဝါနေတဲ့ သွားတွေကိုဖြူလာစေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို သောက်လေ့ရှိတဲ့လူတွေ ပြုလုပ်ပေးသင့်ပါတယ်။  ၅။ အပင်စိုက်တဲ့အခါ မြေသြဇာဖြစ်စေတယ်။ ပန်းပင်လေးတွေ၊ သစ်ပင်လေးတွေစိုက်တဲ့အခါ ငှက်ပျောသီးအခွံလေးတွေကို သေးသေးလေးတွေ့ပိုင်းပြီး ထည့်စိုက်မယ်ဆိုရင် သဘာဝမြေသြဖြစ်စေပြီး အပင်ကြီးထွားနှုန်းကို အထောက်အကူဖြစ်စေမှာပါ။ ၆။ အမာရွတ်တွေကို သက်သာစေပါတယ်။ ငှက်ပျောသီးအခွံကို ဖြစ်တဲ့နေရာမှာ တင်ထားပြီး (၁) နာရီ သို့မဟုတ် တစ်ညလောက်ထားထားလိုက်ရုံနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမာရွတ်နဲ့ အနီကွက်တွေကို သက်သာစေမှာပါ။ မျက်ကွင်းညိုနေတာတွေအတွက်ပါ အသုံးပြုလို့ရပါတယ်။ ...

By:Kawi 01/10/2019
မြန်မာ အစားအစာတွေကို မြန်မာလိုပဲခေါ်ကြရအောင်လားဗျာ… In:Food History, Kawi Eats
1 3 0

“Yellow Sticky Rice”  “Fish Noodle Soup”  “Fish Paste”  “Sticky rice with shredded coconut” “Pickled Tea Leaves Salad” မြန်မာအစားအစာတွေကို ဒီလို ဘာသာပြန်အသုံးပြုကြတာမျိုး ကျွန်တော်တို့ မကြာခဏမြင်တွေ့ရလေ့ရှိပါတယ်။ စားသောက်ဆိုင်တွေမှာပဲ ဖြစ်ဖြစ်၊ မြန်မာမုန့်အကြောင်းရေးထားတဲ့ website တွေမှာပဲဖြစ်ဖြစ်ပေါ့။  အစားအသောက်ဆိုတာ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုထဲမှာပါဝင်ပါတယ်။ ရိုးရာအစားအသောက်တွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာကြရင်း ယဉ်ကျေးမှုတွေကိုထိန်းသိမ်းကြပါတယ်။ ဒါကြောင့်ကျွန်တော်တို့လည်း ကမ္ဘာမှာ မြန်မာမုန့်၊ မြန်မာ့ယဉ်ကျေးမှုကို ပြန့်ပွားစေချင်တယ်ဆိုရင်တော့ မြန်မာ့အစားအစာတွေကို ခေါ်ဆိုတဲ့နေရာမှာ မြန်မာလိုပဲခေါ်ရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ နိုင်ငံခြားသားတွေနားလည်အောင် ဘာသာပြန်တာကတော့ ပြန်ရမှာပါ။ ဒါပေမယ့် ဘာသာပြန်ရင်းနဲ့ မြန်မာ့အငွေ့အသက်တွေ ပျောက်မသွားစေချင်တာပါ။   တခြားနိုင်ငံရဲ့မုန့်တွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ကိုရီးယားနိုင်ငံရဲ့ “ကင်မ်ချီ” လို့ခေါ်တာနဲ့ပဲစလိုက်ကြရအောင်ဗျာ။ ကင်မ်ချီလို့ဖတ်လိုက်တာနဲ့တင် စာဖတ်သူ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ချဉ်ဖတ်ကိုတွေးမြင်မိမယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ ဒါဆိုရင် Pizza ဆိုရင်ကော? Spaghetti ဆိုရင်ကော? Hamburger ဆိုရင်ကော? Sushi ဆိုရင်ကော? Tom Yum ဆိုုရင်ကော? ဒီနာမည်တွေပြန်ကြည့်လိုက်မယ်ဆိုရင် တစ်ခုမှဘာသာပြန်ထားတာမတွေ့ရပါဘူး။ ဒါပေမယ့် ဒီနာမည်တွေကို ကြားလိုက်တာနဲ့တင် ဘယ်နိုင်ငံက ဘယ်လိုအစားအစာဆိုတာကို ကျွန်တော်တို့ ခေါင်းထဲမှာ မြင်မိကြပါတယ်။  ကျွန်တော်တို့ရဲ့ အရသာရှိလှတဲ့ မြန်မာမုန့်တွေဆိုရင်ရော?  မုန့်ဟင်းခါးကို “Fish Noodle Soup”  ဆီထမင်းကို “Yellow Sticky Rice” ငါးပိကို “Fish Paste” ကောက်ညှင်းပေါင်းကို “Sticky Rice With Shredded Coconut” လက်ဖက်သုပ်ကို “Pickled Tea Leaves Salad”  လို့မခေါ်စေချင်လောက်ပါဘူး။ မြန်မာမုန့်တွေက အရသာရှိပြီးထူးခြားပါတယ်။ တခြားနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေက မြန်မာ့ရိုးရာစားသောက်ဆိုင်ဖွင့်တာပဲဖြစ်ဖြစ်၊ မြန်မာ့အစားအစာတွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံလာလည်တဲ့ နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးတာပဲဖြစ်ဖြစ် မြန်မာ့အစားအစာတွေ နာမည်တွင်ကျန်သွားအောင် မြန်မာလိုပဲခေါ်ဆိုသင့်ပါတယ်။ အင်္ဂလိပ်လိုပေါင်းမယ်ဆိုလည်း မြန်မာအသံထွက်အတို်င်းပေါင်းစေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အစားအသောက်ဟာလည်း အင်မတန်အရေးကြီးလှပါတယ်။ ဒါကြောင့် မြန်မာအစားအစာတွေကို မြန်မာလိုပဲ ဂုဏ်ယူဝင့်ကြွားစွာခေါ်ဆိုရင်း မိတ်ဆက်ကြရအောင်လားဗျာ။ ...

By:Kawi 23/07/2019
Eating Spree Episode 2 – Yakitori Chicken BBQ In:Kawi Eats, Videos
3 9 0

ကဝိ Eats ကနေ တင်ဆက်ပေးနေတဲ့ Eating Spree အစီအစဉ်ရဲ့ Episode 2 လာပါပြီ။ Episode 1 တုန်းက ကဝိရဲ့ host တွေဖြစ်တဲ့ Phyo နဲ့ Elena တို့က Cheese O’Tea ဆိုတဲ့ Bubble Tea ဆိုင်အသစ်လေးကိုရောက်ခဲ့ပါတယ်။ အခု ဒီ Episode 2 မှာတော့ Phyo နဲ့ Elena တို့က Yakitori Chicken BBQ ဆိုတဲ့ ဂျပန်စတိုင် အကင်တွေကို ရောင်းချပေးနေတဲ့ ဆိုင်လေးကို ရောက်ရှိခဲ့ပါတယ်။ အရသာအလွန်ရှိတဲ့ အစားအစာတွေကို သူတို့တွေ ဘယ်လိုတောင် အားရပါးရ နှစ်နှစ်ခြိုက်ခြိုက် စားကြလဲဆိုတာကိုတော့ ဒီဗီဒီယိုလေးထဲမှာ ကြည့်လိုက်နော်။ ညဘက် ဗိုက်ဆာနေတဲ့အချိန်နဲ့ ကြုံသွားလို့ သူတို့ကိုကြည့်ရင်း သွားရည်ကျလာရင်တော့ မသိဘူးနော်!!! 🤤🤤🤤😋😋😋 နောက်ထပ် Eating Spree အပိုင်းတွေလည်း ထပ်လာဦးမှာမို့လို့ စောင့်ကြည့်ပေးကြဦးနော် ! ...

By:Kawi 28/06/2019
မိုးခိုဖို့ကောင်းတဲ့ ကော်ဖီဆိုင်ကောင်းကောင်းလေးများ In:Kawi Eats, Theme Restaurant
1 4 0

မိုးက အစိုးမရပါဘူး(ကိုယ့်ချစ်သူလိုပါနော်)။ အပြင်သွားနေတုန်း ဘယ်လိုအချိန်မှာ မိုးရွာလာမလဲဆိုတာ မသိနိုင်တဲ့အတွက် မိုးခိုစရာနေရာလေးတွေ သိထားရင် ပိုပြီးတော့မကောင်းဘူးလား? အဲဒါကြောင့် အပြင်သွားတုန်းသွားခိုက် မိုးတွေရွာခဲ့တဲ့အခါ မိုးခိုရင်း ကော်ဖီကောင်းကောင်းလေးတစ်ခွက်အပြင် နေရာထူးထူးဆန်းဆန်းလေးတွေမှာ ဓာတ်ဖမ်းနိုင်တဲ့အတွက် မိုးရှောင်ဖို့အကောင်းဆုံးနေရာလေးတွေကို ကဝိကနေ ပြောပြပေးမယ်နော်! ၁) The Plant House Café ဒီ The Plant House Café မှာတော့ ကော်ဖီကောင်းကောင်းလေးတွေသာမကပဲ သဘာဝစိမ်းစိမ်းစိုစို အပင်လေးတွေနဲ့ စာအုပ်စင်လေးတွေကိုပါတွေ့ရမှာပါ။ အဲဒါကြောင့် မိုးရာသီမှာ တစ်ယောက်ထဲအေးအေးဆေးဆေးနဲ့ ကော်ဖီသောက်ရင်း စာအုပ်လေးတွေဖတ်တာပဲဖြစ်ဖြစ်၊ အပင်လှလှလေးတွေ၊ ကော်ဖီကောင်းကောင်းလေးတွေနဲ့  ဓာတ်ဖမ်းချင်တာပဲဖြစ်ဖြစ် ဒီကော်ဖီဆိုင်လေးကတော့ သွားဖို့သင့်တော်တဲ့ဆိုင်တစ်ဆိုင် လို့ပြောရင်မမှားလောက်ပါဘူး။ The Plant House Café ကတော့ အမှတ် (၃၃) ညောင်တုန်းလမ်း၊ စမ်းချောင်းမြို့နယ်မှာ ရှိတာပဲဖြစ်ပါတယ်။ …………………………………………………………………………………………………. ၂) My House Café Yangon ဒီကော်ဖီဆိုင်လေးကတော့ ကော်ဖီကောင်းကောင်းလေးတွေအပြင် ထိုင်းအစားအစာတွေ၊ လတ်ဆတ်တဲ့အသီးဖျော်ရည်တွေနဲ့ အခြားအစားအသောက်တွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် ထိုင်းအစားအစာတွေစားပြီး ကော်ဖီကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင်တော့ အမှတ်(၅၇)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ My House Café Yangon ကိုသွားကြည့်ကြဖို့ လက်တို့လိုက်ပါတယ်နော်။ …………………………………………………………………………………………………. ၃) Innwa Books & Café ဒီဆိုင်လေးက စာအုပ်ကိုရောကော်ဖီကိုပါ ချစ်တဲ့သူတော်တော်များများ ရောက်ဖြစ်ကြတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ မြန်မာပလာဇာ ဒုတိယအထပ်မှာရှိတဲ့ ဒီ Innwa Books & Café မှာတော့ ကော်ဖီသောက်ရင်း မိမိတို့ကြိုက်တဲ့ စာအုပ်တွေဖတ်နိုင်သလို စာအုပ်လေးတွေနဲ့ ခပ်မိုက်မိုက်လေး ဓာတ်ဖမ်းလို့လည်းရတယ်လေ။ ဒါနဲ့ ဒီဆိုင်လေးကပိတ်ရက်တွေမှာ လူအရမ်းများတတ်တာကိုလည်း သတိရဖို့မမေ့ပါနဲ့နော်။ …………………………………………………………………………………………………. ၄) Easy Café ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမှာရှိတဲ့ Easy Café ကဆိုရင်တော့ ထိုင်လို့လည်းကောင်းပြီး အစားအစာတွေကလည်း အရမ်းအရသာရှိတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ သီချင်းကောင်းကောင်းလေးတွေနဲ့ Wifi လည်းရတယ်ဆိုတော့ မိုးရာသီအေးအေးလေးမှာ မိုးခိုရင်း chill လုပ်ဖို့တော်တော်လေးကောင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်လေးပေါ့။ …………………………………………………………………………………………………. ၅) Café Genius ဒီကော်ဖီဆိုင်လေးကတော့ တခြားကော်ဖီဆိုင်တွေ တော်တော်များများနဲ့မတူပဲ ထူးခြားမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင်ထုတ်လုပ်တဲ့ ကော်ဖီစေ့တွေကိုပဲ ဆိုင်မှာကြိတ်ပြီးပြန်ဖျော်တဲ့  ကော်ဖီဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီ Local Product ကိုသာသုံးတဲ့ကော်ဖီဆိုင်လေးမှာ အရသာရှိတဲ့ကော်ဖီအပြင် သူတို့ကိုယ်တိုင်လုပ်တဲ့ Croissant, chocolate croissant, raspberry Danish, cake, cupcake အစရှိတဲ့ မုန့်မျိုးစုံကိုလည်းရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ အမှတ် (၂၂၀)၊ ၃၁ လမ်းအပေါ်ဘလောက်၊ ပန်းပဲတန်းမြို့နယ်မှာပဲဖြစ်ပါတယ်။ …………………………………………………………………………………………………. ၆) Chinatown 125 Café ဒီဆိုင်လေးကလည်း မြန်မာနိုင်ငံမှာ ပထမဆုံး China Theme လိုမျိုးပြင်ဆင်ထားတဲ့  ကော်ဖီဆိုင်လေး တစ်ခုပဲဖြစ်ပါတယ်။ Chinatown 125 Café ကိုတော့ လူစည်ကားတဲ့ China Town ၁၉လမ်းမှာဖွင့်ထားတာပဲ ဖြစ်ပါတယ်။ ဒီဆိုင်မှာ အတွင်းရောအပြင်ပါ China Theme ပုံစံပြင်ဆင်ထားတာကို တွေ့ရမှာဖြစ်ပြီး ကော်ဖီမျိုးစုံအပြင် Asian အစားအစာအစုံကိုပါ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် အစားဆန်းဆန်းလေးတွေ၊ ကော်ဖီကောင်းကောင်းလေးတွေ သောက်ရင်း ဓာတ်ပုံရိုက်ဖို့ အရမ်းမိုက်တဲ့ဆိုင်မို့ သွားကြည့်ဖိို့အတွက် recommend ပေးလိုက်ပါတယ်နော်။ …………………………………………………………………………………………………. ၇) Freedom Café San Chaung ဒီတိုင်းကြီးကော်ဖီသောက်ရတာ ပျင်းနေပြီလား? အဲဒါဆိုရင်တော့ အမှတ်(၈၁)၊ ပန်းလှိုင်လမ်း၊ စမ်းချောင်းမြို့နယ် မှာရှိတဲ့ Freedom Café San Chaung ကိုသွားဖို့ တိုက်တွန်းပါရစေ။  ဒီဆိုင်မှာတော့ ကော်ဖီသောက်ရင်း ချစ်ဖို့ကောင်းတဲ့ခွေးတွေနဲ့ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ မိမိတို့ကြိုက်တဲ့ ခွေးလေးတွေနဲ့လည်း ဓာတ်ဖမ်းလို့လည်းရတဲ့အတွက် ဒီဆိုင်လေးက  သွားသင့်တဲ့ဆိုင်လေးတွေ ထဲကတစ်ခုဖြစ်ပါတယ်။ …………………………………………………………………………………………………. ၈) Yangon Language Café ထူးထူးဆန်းဆန်းလေးတွေကိုမှ ကြိုက်တတ်ကြတဲ့သူတွေအတွက် စိတ်ဖိစီးနေတာတွေ ဖြေဖျောက်ရင်း တခြားဘာသာစကားတွေကို သင်ယူနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ Yangon Language Café ရှိပါတယ်။ ဒီဆိုင်လေးကို လမ်းမတော် ၅လမ်း၊ အောက်ဘလောက်မှာ ဖွင့်ထားတာပဲဖြစ်ပါတယ်။    အပြင်မှာမိုးတွေရွာနေတုန်း ဒီ Language Café မှာ မိုးခိုဖို့အချိန်ဖြုန်းရင်း ကော်ဖီပူပူလေးတစ်ခွက်နဲ့ ဘာသာစကားတွေကိုပါ လေ့လာဆိုရတယ်ဆိုတော့ အခွင့်ကောင်းတစ်ခုပဲပေါ့။ ကဲဘယ်လိုလဲ? မိုးလဲခို၊ ကော်ဖီလည်းသောက်ပြီးတော့ ဘာသာစကားတွေကိုပါ အလကားလေ့လာလို့ရတယ်ဆိုတော့ မိုးခိုဖို့အသင့်တော်ဆုံးပဲပေါ့။ ………………………………………………………………………….. ၉) Hard Rock Café Yangon သင်ဟာ ကော်ဖီကောင်းကောင်းတစ်ခွက်ကို နှစ်သက်သူတစ်ယောက်လား? သင်ဟာ သီချင်းတွေကိုနှစ်သက်သူလား? ဒါဆိုရင်တော့ Hard Rock Café ကတော့ သွားကိုသွားဖူးသင့်တဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ ကမ္ဘာတလွှားက ထင်ရှားတဲ့အဆိုတော်တွေရဲ့ အသုံးအဆောင်တွေကို ချိတ်ဆွဲပြီးပြထားတာကို တွေ့ရမှာပါ။ အဲဒါအပြင် live band တွေရဲ့ သီချင်းကောင်းကောင်းတွေ၊ rock သီချင်းကောင်းကောင်းတွေကို အမြဲကြားကြရမှာဖြစ်တဲ့အတွက်  သူငယ်ချင်းတွေနဲ့သာမက တစ်ယောက်တည်းလည်း သွားသင့်တဲ့ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ …………………………………………………………………………………………………. ၁၀) Gloria Jean’s Coffees Myanmar ဒီဆိုင်လေးကတော့ သိပ်ပြောပြစရာမလိုတဲ့ လူတော်တော်များများလည်း သိလောက်မယ်ထင်ရတဲ့ ကော်ဖီဆိုင်ပဲဖြစ်ပါတယ်။ Gloria Jean ကတော့ ကော်ဖီကောင်းကောင်းလေးတွေ တော်တော်များများရတဲ့အပြင် ဓာတ်ဖမ်းလို့လည်း တော်တော်ကောင်းတဲ့ ဆိုင်တစ်ဆိုင်ဆိုတာ မမှားပါဘူး။ ကိုယ့်ဟာကိုယ်တစ်ယောက်တည်း feel ချင်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ chill ချင်တာပဲဖြစ်ဖြစ်အတွက်တော့ Gloria Jean ကအမိုက်ဆုံးပဲပေါ့နော်။ ...

By:Kawi 18/06/2019
“မေမေတို့အတွက် ကိုယ့်ကလေးထမင်းအကုန်စားအောင်ပြင်ပေးနိုင်မယ့်ထမင်းဗူးးလှလှလေးများ” In:Kawi Eats
0 5 0

မိုးရာသီလည်းရောက်ပြီ၊ ကျောင်းတွေလည်းဖွင့်ပြီဆိုတော့ မေမေတွေအလုပ်ရှုပ်ပြီပေါ့။ မေမေတစ်ယောက်ဖြစ်ရတယ်ဆိုတာ superwoman ဖြစ်ရတာထက် ပိုခက်ပါတယ်နော်။ တစ်နွေလုံးလည်း သားသား၊ မီးမီးတွေကို ထိန်းရ၊ ကျောင်းဖွင့်တော့လည်း ကျောင်းတက်ဖို့ ပြင်ဆင်ပေးရ၊ ကြိုပို့ရနဲ့ မအားရပါဘူး။ အခန့်မသင့်ရင် စာတောင်ကူကျက်ပေးရသေးတယ်နော်။ အဆိုးဆုံးကတော့ တစ်နွေလုံး ကိုယ့် မျက်စိအောက်မှာရှိနေတဲ့ ကလေးတွေ ကျောင်းတက်နေရတော့ လွမ်းနေရမှာပါ။ ပြီးတော့ စူပါမေမေတွေ ခေါင်းအစားဆုံးကိစ္စကတော့ ထမင်းဗူးကိစ္စပဲပေါ့။ တစ်နေ့တစ်နေ့ ဟင်းမထပ်အောင်၊ ဂျီးများတဲ့ ကိုယ့်ကလေးစားချင်အောင် (မှတ်ချက် – ၉၉%သော ကလေးများသည် ဂျီးများတတ်ကြသည်။)၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လည်စာဖြစ်အောင် အချိန်မှီပြင်ဆင်ပေးရတယ်လေ။ ဒီကြားထဲ ကိုယ့်ကလေးက “မေမေ သမီးသူငယ်ချင်းရဲ့ထမင်းဗူးက မစ်ကီမောက်စ်ပုံလေး ဖော်ထားတာ သမီးထမင်းဗူးကကျ ရိုးရိုးကြီး” ဆိုပြီး နှုတ်ခမ်းလေးဆူပြီးတော့များ ပြောတာကိုကြားရင် ဒီမေမေမှာ မောပြီပေါ့နော်။   ကလေးပြောတာလည်း ဟုတ်သား။ သူလည်း ထမင်းဗူးလှလှလေး ယူသွားချင်ရှာမှာပေါ့။ အဲတော့ စူပါမေမေတစ်ယောက် ထမင်းဗူးအိုင်ဒီယာလှလှလေးတွ စဉ်းစားရပြီပေါ့။ ဘိုစာ အရမ်းဆန်သွားရင် ကလေး မစားမှာလည်း စိုးရသေးတယ်လေ။ ဒါကြောင့် စူပါမေမေ တွေအတွက် ချစ်စရာကောင်းတဲ့ ထမင်းဗူးလှလှလေးတွေပြင်ဖို့ အသုံးဝင်မယ့် tips လေးတွေ နဲ့ lunchbox idea လေးတွေ share ပေးမယ်နော်။ အရင်ဆုံးစဉ်းစားရမယ့် အချက်တွေကတော့ • အဓိက အာဟာရ အုပ်စု (၃) ခုလုုံးမျှတအောင်ပါရမယ်။ ထမင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အဆီဓါတ် စသဖြင့် စုံအောင်ထည့်ပေးရမယ်။ • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပစ္စည်းတွေသုံးပေးရမယ်။ (ဟင်းချက်ရာတွင်ပါ၀င်သော ပစ္စည်းများသာမက ထမင်းဘူး၊ ရေဘူး၊ အိုးခွက် စတာတွေပါ ကျန်းမာရေး နှင့်ညီညွတ်တာတွေကို သုံးပေးသင့်ပါတယ်။) • ၀ယ်ယူရလွယ်ကူသော ပစ္စည်းများကိုသာသုံးပါ။ • ကလေး ကြိုက်တာမျိုးချက်ပါ။ • ကလေးတွေ သဘောကျစွဲလမ်းတဲ့အရာမျိုး၊ ကာတွန်းဇာတ်ကောင်မျိုးကို အခြေခံပြီး idea ယူပါ။ ဒါဆို ကို်ယ့်ကလေး ထမင်းမစားမှာ၊ ထမင်းဗူးမလှမှာ မပူရတော့ဘူးပေါ့နော်။ ကာတွန်းပုံ ထမင်းလုံးလေးတွေလုပ်မယ်။ ဒီနည်းကတော့ ထမင်းကြိုက်သူလေးများအတွက်ပေါ့။ ထမင်းဖြူ၊ ထမင်းဝါ စသဖြင့် ထမင်းလုံးလေးတွေကို ကာတွန်းပုံ၊ ကားပုံ၊ ပန်းပွင့်ပုံ စသဖြင့်ပုံဖော်တာပါ။ မျက်လုံး၊ ပါးစပ်၊ အင်္ကျီ စတာတွေကိုတော့ ကြက်ဥ၊ မုုန်လာဥနီ၊ ရေညှိခြောက်၊ ကြက်အူချောင်း စတာတွေသုံးပြီး ပုံဖော်လို့ရပါတယ်။ ထမင်းကို အရသာအမျိုးမျိုး လုပ်လို့ရပါတယ်။ –    အာလူးထမင်း –    ထမင်းဝါ ( ထမင်းဖြူ ကို ကြက်သွန်နီနှင့် နံနွင်း ဆီသတ်ပြီးနယ် လို့ရပါတယ်၊ ငါးပုပ်ခြောက်နည်းနည်းထည့်နယ် ရင်ပိုမွှေးပါတယ်) –    ငါးထမင်း –    ပဲထမင်း –    ခရမ်းချဉ်သီးနှစ်ထမင်း စသဖြင့်ပေါ့။ ပြီးရင်တော့ ကိုယ်ဖော်ချင်တဲ့ပုံလေးတွေ ဖော်လို့ရပါပြီ။ Pikachu, rilakkuma, minion, flower, little chicken အစရှိတာလေးတွေက ပုံဖော်ရလွယ်ပါတယ်။ ကြက်ဥပြင် လုပ်ဖို့ကိုတော့ ကြက်ဥကို ဆား၊ ငရုပ်ကောင်းနည်းနည်းထည့်ပါ။ သေချာခေါက်မွှေပြီး ဒယ် အိုးထဲမှာ အချပ်ပါးပါးရအောင် အပူပေးပါ။ ပြီးရင် လိုသလိုညှပ်ပြီး အလှဆင်လို့ရပါပြီ။ ၁။ pikachu ထမင်းဗူး ကြက်ဥထမင်းကြော် (သို့) အာလူးထမင်းနယ်ကို ထမင်းဗူး တစ်ဝက်ထည့်ပါ။ ရေညှိပြား နှင့် မုန်လာဥနီ ကိုသုံးပြီး pikachu မျက်နှာပုံ ဖော်ပေးပါ။ ကျန်ထမင်းဗူး တစ်ဝက်ကို ကြက်အူချောင်းကြော်နဲ့ ကြက်ဥလိပ်ကြော်လေး ထည့်ပေးပါ။ အမြင်လှသလောက် လုပ်ရတာလွယ်ကူတဲ့ ထမင်းဗူးလေးဖြစ်ပါတယ်။ …………………………………………………………………………………………………. ၂။ Spaghetti နှင့် sausage ထမင်းဗူး Sausage ကို တစ်လက်မအရွယ် အတုံးလေးများတုံးပါ။ sausage တစ်တုံးလျှင် spaghetti ချောင်း (၂) ချောင်း၊ (၃) ချောင်း ခန့်ထည့်ပြီး ပြုတ်ပါ။ spaghetti ကျက်ရင် ဆီအနည်းငယ်ဖြင့် ဆား၊ ငရုပ်ကောင်းထည့်ပြီး ပြန်ကြော်ပေးပါ။ ပြီးရင် အပေါ်လေးကနေ နံနံပင်လေးအုပ်ပေးလိုက်ပေါ့နော်။ …………………………………………………………………………………………………. ၃။ Meatballs lunchbox ဒီ ထမင်းဗူးးလေးကတော့ အသားလုံးကြော်လေးတွေနဲ့  ထမင်းလုံးကို ကျားပုံဖော်ထားတာပါ။ ကြက်သား (သို့) ၀က်သားစင်းကော အနည်းငယ်ကို ဆား၊ ပဲငံပြာရည်၊ ကော်မှုန့် အနည်းငယ်နဲ့နယ်ပြီး ကြော်ထားတာပါ။ …………………………………………………………………………………………………. ၄။ Kimbap ထမင်းလိပ် ကိုရီးယားရုပ်ရှင်တွေ ခေတ်စားနေတဲ့အချိန်မှာ ကိုရီးယားထမင်းလိပ်လေးတွေ ပြင်ပေးရင် ကလေးတွေထမင်းပိုစားအောင် ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ ထမင်းကို ဆား၊ ကြက်သားမှုန့်နဲ့နယ်ပါ။ ဆူရှီလိပ်တဲ့ ဝါးပြားပေါ်မှာ ရေညှိပြားခင်းပါ။ ထမင်းကို ရေညှိပြားပေါ်မှာ ဖြန့်ခင်းပါ။ မုန်လာဥနီ၊ ကြက်ဥလိပ်၊ ကြက်အူချောင်း စသဖြင့် နှစ်သက်ရာဟင်းအမည်ထည့်ပြီးလိပ်နို်င်ပါတယ်။ ထမင်းလိပ်လေးတွေကိုအနေတော်လှီးပြီး ထမင်းဘူးထဲ စီထည့်ရင် ရပါပြီ။ အခုဖော်ပြထားတဲ့ ထမင်းဗူး idea လေးတွေက ပြင်ဆင်ရလွယ်ကူပြီး သားသား၊ မီးမီးတို့ ကြိုက်နှစ်သက် မယ်လို့ ထင်ပါတယ်။ စူပါမေမေတို့လည်း ကလေးတွေကို အပြင်စာ စားမှာမပူရဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်းဗူးးလှလှလေးတွေ ပြင်ပေးလို့ရတော့ အဆင်ပြေတာပေါ့နော်။ တခြား idea လေးတွေရှိရင် လည်း ဒီ post အောက် မှာ comment ပေးပြီး idea လေးတွေဖလှယ်ဖို့ ဖိတ်ခေါ်ပါရစေ။ ဒီလိုချစ်စရာကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် Microwave Safe ဖြစ်တဲ့ (BPA Free) Lock & Lock ထမင်းဘူးလေးတွေကိုတော့ Lock & Lock Showroom များနှင့် နှီးစပ်ရာ Ocean, City Mart, Marketplace ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ –      Y ...

By:Kawi 13/06/2019
Back to Top