Loading...

Home Kawi Eats Kawi Inspires
ကိုရီးယားနိုင်ငံ၊ ဂွန်ဆန်မြို့မှာ ကျင်းပပြုလုပ်မယ့် Triathlon ပြိုင်ပွဲကို အဖွဲ့လိုက်သွားပြိုင်မယ့် TEAM PT Relay Team အဖွဲ့သားတွေဖြစ်တဲ့ Phoe Thaw, Sai နဲ့ Eileen တို့သုံးယောက် In:Inspiration/Aspiration/Motivation, Kawi Inspires, Life Hacks, Videos
1 2 0

မတူညီတဲ့ ကျောထောက်နောက်ခံအနေအထားတွေ၊ မတူညီတဲ့ မွေးဖွားရာဒေသတွေနဲ့ မတူညီတဲ့ယဉ်ကျေးမှုတွေကနေ ဆင်းသက်လာတဲ့ လူသုံးယောက်။ ဒီလိုအသွင်မတူညီတဲ့ လူ (၃) ယောက်ကို အတူတကွပေါင်းစည်းစေခဲ့တာက ကိုယ်ခံပညာ၊ CrossFit နဲ့ Triathlon အစရှိတဲ့ အားကစားတွေကို ချစ်မြတ်နိုးတဲ့စိတ်ချင်း တူညီကြလို့ပါ။ ဒီအားကစားသမား သုံးယောက်လုံးက ဘဝနဲ့ အားကစား တစ်သားတည်းဖြစ်လောက်တဲ့အထိ အားကစားကို ချစ်မြတ်နိုးသူတွေပါ။ သူတို့က သူတို့လုပ်ဆောင်နေတဲ့အရာတွေတိုင်းမှာ ထိပ်ဆုံးဆိုတဲ့နေရာကိုရောက်ရှိဖို့အတွက် စည်းကမ်းရှိမှုနဲ့ ဇွဲလုံ့လဝီရိယရှိမှုတွေနဲ့ တစိုက်မတ်မတ် စွဲစွဲမြဲမြဲ လုပ်ဆောင်မှုတွေ လိုအပ်တယ်ဆိုတာကို အမှန်တကယ် နားလည်လိုက်နာသူတွေ ဖြစ်ကြပါတယ်။ ဒီလို မတူညီတဲ့နောက်ခံကနေ လာကြတဲ့ Phoe Thaw, Sai နဲ့ Eileen တို့ဟာ တူညီတဲ့ စိတ်တစ်ခုတည်းနဲ့ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Challenge Gunsan-Saemangeum ဆိုတဲ့ Triathlon ကို TEAM PT Relay Team အနေနဲ့ အဖွဲ့လိုက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ Triathlon ဆိုတာကတော့ “ရေကူး၊ စက်ဘီးစီး နဲ့ အပြေး” ဆိုတဲ့ အားကစားနည်းသုံးမျိုးကို သတ်မှတ်ထားတဲ့အချိန်အတွင်း တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်သွားရတဲ့ ပြိုင်ပွဲတစ်မျိုးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ ဂွန်ဆန်မြို့မှာ ကျင်းပပြုလုပ်မယ့် Triathlon ပြိုင်ပွဲမှာတော့ TEAM PT Relay Team ထဲက… Eileen က ရေကူးတဲ့အပိုင်း၊ MMA fighter ကိုဖိုးသော်က စက်ဘီးစီးတဲ့အပိုင်း နဲ့ MMA fighter ကိုစိုင်းက ပြေးတဲ့အပိုင်းတို့ကို အသီးသီးတာဝန်ယူထားကြပါတယ်။ သူတို့တွေ ဘယ်လိုတွေကြိုတင်ပြင်ဆင်ပြီး ကြိုးစားလေ့ကျင့်နေကြလဲ? ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမယ်လို့ မျှော်မှန်းထားကြလဲ? အားလုံးအတူတူ ကျော်ဖြတ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ဘယ်လိုတွေစိတ်ဆုံးဖြတ်ထားကြလဲ? ဆိုတာကို ကြည့်လိုက်ကြရအောင်! #100PLUSfortheWIN ...

By:Kawi 28/05/2019
Back to Top