Loading...

Home Kawi Eats Kawi Inspires
သင်မသိသေးတဲ့ ရေရဲ့ အသုံးဝင်ပုံ In:Digital Detox of the Week, Kawi Inspires
2 2 0

ရေက ကြည်လင်သန့်ရှင်းတဲ့ အနက်ကိုဆောင်ပါတယ်။ လူတွေတစ်နေ့တာ ရှင်သန်လှုပ်ရှားဖို့ လိုအပ်တဲ့အရာတွေထဲမှာ ရေက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီတော့ ရေက လူတွေအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ ပြောနေစရာမလိုအောင်ပါပဲ။ အပေါ်ယံကြည့်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပေမယ့် ရေက တကယ်ကို လေးနက်ပြီး ထူးခြားဆန်းပြားတဲ့ အရာတစ်ခုပါ။ ရေနဲ့ပတ်သက်ပြီး လူတွေမသိသေးတဲ့ စွမ်းအင်နဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ်လို့ ယုံကြည်ကြပါတယ်။ ပြီးတော့ လူတွေတကယ်မသိသေးတဲ့ ရေရဲ့ အခြားအသုံးဝင်ပုံတွေလည်း ရှိနေပါသေးတယ်။  သမိုင်းရဲ့ လေ့လာတွေ့ရှိချက်တွေအရ ပင်လယ်ရေမှာ စိတ်ကိုခွန်အားသစ်တွေ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပြီး မကောင်းတဲ့စိတ်တွေကို သယ်ဆောင်သွားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လို့ ပင်လယ်နဲ့ဝေးတဲ့နေရာမှာ နေထိုင်နေရတယ်ဆိုရင်လည်း မြစ်၊ ချောင်းနဲ့ ပန်းခြံထဲက ရေကန်စတဲ့ ရေပြင်ကျယ်ရှိတဲ့နေရာလေးတွေ သင်တို့နားမှာ တစ်ခုမဟုတ်တစ်ခုတော့ ရှိမှာပါ။  ဒီလို ရေပြင်ကျယ်တစ်ခုကိုရှာလိုက်ပါ။ ရေစပ်နားလေးမှာထိုင်ပြီး လှုပ်ခတ်သွားတဲ့ ရေရဲ့ သာယာသံလေးတွေဖြစ်ဖြစ်၊ လှိုင်းသံလေးတွေပဲဖြစ်ဖြစ်၊ မြစ်ထဲက ဒီရေတက်လာသံလေးပဲဖြစ်ဖြစ်၊ ကျောက်ဆောင်ပေါ်ကကျလာတဲ့ ရေသံလေးတွေဖြစ်ဖြစ် နားထောင်လိုက်ပါ။ သင်လိုအပ်သလောက် နားထောင်ပြီးရင် သင့်ရဲ့ စိတ်တွေ စိတ်ခွန်အားသစ်တွေ ပြန်လည်ရရှိလာပြီး စိတ်ညစ်စရာတွေ အဝေးကိုလွင့်ပြယ်သွားစေပါလိမ့်မယ်။  ...

By:Kawi 26/02/2019
နည်းပညာတွေကနေ ခဏတာအနားရစေမယ့် တိတ်ဆိတ်ခြင်းကမ္ဘာလေး In:Digital Detox of the Week, Kawi Inspires
2 1 0

အခုခေတ်မှာ လူတိုင်းလူတိုင်းဟာ များသောအားဖြင့် Digital ကမ္ဘာထဲမှာ ရှင်သန်နေကြတာ များပါတယ်။ ဒါက ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ မကောင်းတဲ့အချက်တွေကို လက်မခံဘဲ ဘယ်လိုရှောင်ဖယ်လို့ရမလဲဆိုတာ အရေးကြီးပါတယ်။ ကမ္ဘာကြီးက Digital ကမ္ဘာကြီးဖြစ်နေပါပြီ။ သင်က ကမ္ဘာကြီးကိုတော့ ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ပြောင်းလဲလို့ရတာတော့ ရှိပါတယ်။ အဲဒါက သင့်ရဲ့ ကမ္ဘာငယ်လေးကို ပြောင်းလဲဖန်တီးယူတာပါ။ သင်တို့နေ့တိုင်း များစွာသော စကားဝိုင်းတွေထဲမှာ ကျင်လည်ရပါတယ်။ အလုပ်မှာ စကားပြောရတာ၊ အိမ်မှာစကားပြောရတာ၊ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရတာနဲ့ နောက်ဆုံး online ပေါ်ကနေ စကားပြောနေတာ အပါအဝင်ပါပဲ။ ဒါကြောင့် တိတ်ဆိတ်ငြိမ်သက်တဲ့ ကမ္ဘာငယ်လေးတစ်ခုဆိုတာ တကယ့်ကမ္ဘာကြီးမှာ ရှာဖွေရခက်ပါလိမ့်မယ်။ ဒါပေမယ့် ဒီတိတ်ဆိတ်ငြိမ်သက်တဲ့ ကမ္ဘာလေးကို ရအောင် ကြိုးစားနိုင်မယ်ဆိုရင်တော့ သင်တို့စိတ်ရှုပ်ထွေးနောက်ကျိနေရတာတွေကနေ ခေတ္တခဏတော့ လွတ်မြောက်သွားစေပါလိမ့်မယ်။ ဒီကမ္ဘာငယ်လေးမှာဆိုရင် တိတ်ဆိတ်မှုက သင်တို့မှာရှိနေတဲ့ အနှောင့်အယှက်တွေကို စွန့်လွှတ်လိုက်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိရှိလာစေပါလိမ့်မယ်။ အပြင်က အသံတွေနဲ့ခဏတာဝေးနေခြင်းက သင့်ရဲ့ စိတ်ထဲ၊ ရင်ထဲက အသံတွေကို ပြန်ကြားစေပါလိမ့်မယ်။ တိတ်ဆိတ်တဲ့ကမ္ဘာလေးက အပြင်ကမ္ဘာထဲကိုရောက်နေတဲ့ သင်တို့ရဲ့ အာရုံတွေကနေ သင်တို့ကိုယ်သင်တို့ စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတဲ့ အတွေးအမြင်တွေဆီ ပြောင်းလဲခေါ်ဆောင်သွားစေပါတယ်။  ဒီလိုတိ်တ်ဆိတ်တဲ့ ကမ္ဘာလေးကိုဖန်တီးဖို့ ဆိုရင် နေ့တစ်နေ့ရဲ့ အချိန်ပိုင်းလောက်ကို သတ်သတ်မှတ်မှတ်ထားပြီး အဲဒီအချိန်ပိုင်းလေးအတွင်းမှာ ဖုန်းထဲက ဆော့ဖ်ထ်ဝဲတွေကို Notification အကုန်ပိတ်လို်က်ပါ။ဖုန်းကို အသံရော၊ vibration ပါ အကုန်ပိတ်လိုက်ပါ။ ဖုန်းပိတ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။တခြား device တွေလည်း အားလုံးပိတ်လို်က်ပါ။ ပြီးရင်တော့ အေးချမ်းတဲ့နေရာလေးတစ်ခုမှာ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေကြည့်လိုက်ပါ။ ဒီလို နည်းပညာတွေကနေ သင့်ကိုအော်ခေါ်မနေတော့ဘူးဆိုတာကို သိရတာ ဘယ်လောက်စိတ်ချမ်းသာစရာ ကောင်းလဲလို့ သိလာပါလိမ့်မယ်။ ပြီးတော့ သင့်ဖုန်းရဲ့ ဖန်သားမျက်နှာပြင်တွေပေါ်ကနေ ခွဲထွက်ရတာ ဘယ်လောက်လွယ်လဲဆိုတာပါ သင်သိလာပါလိမ့်မယ်။  ဒါကြောင့် ရှိသမျှှဖုန်းတွေ အကုန်ပိတ်၊ တိတ်ဆိတ်တဲ့နေရာကိုရှာ၊ ထိုင်စရာ နေစရာလေးရှာပြီး အေးချမ်းဆိတ်ငြိမ်တဲ့ ကမ္ဘာလေးကို ခဏလောက် ဖန်တီးရင်း ကိုယ့်စိတ်ကို ခေတ္တခဏလောက် အနားပေးလိုက်ပါ။ ...

By:Kawi 15/02/2019
Back to Top